ပါကင်အခက်အခဲရှိသည့် အင်ဂျင်ပါဝါမြင့် လုပ်ငန်းသုံးကားကြီးများ ဝယ်သူမရှိ

ပါကင်နေရာပြသရန် မြေနေရာအခက်အခဲရှိသည့် လုပ်ငန်းသုံး အင်ဂျင်ပါဝါမြင့်ကားကြီးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ ယခုမတ်လအထိ ဝယ်ယူသူမရှိ အရောင်းအဝယ်အေးနေကြောင်း လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း အတွင်းရှိ ဝါရင့်ကားဝယ်ရောင်းများထံမှ စုံစမ်းသိရှိရသည်.။

 

"ဇန်နဝါရီလကုန်က ဒီလောက်အထိ အရောင်းမအေးဘူး.။ ဝယ်ယူသူရှိတယ်.။ ဖေဖော်ဝါရီလကနေ အခုလထဲအထိ လာရောက်မေးမြန်းသူ မရှိသလို အရောင်းအဝယ်လဲ အေးနေတယ်" ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ လုပ်ငန်းသုံးကားကြီး သီးသန့်အရောင်းအဝယ်ပြုလုပ်သူ ကိုစိန်မြင့်က ပြောသည်.။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအစပိုင်းမှ ယခုမတ်လအထိ တစ်လနီးပါးလာရောက် မေးမြန်းဝယ်ယူခြင်းမရှိသည့် လုပ်ငန်းသုံးကားကြီးများသည် ကားပါကင်ပြသရာတွင် မြေနေရာအကျယ်အဝန်းရရှိရန် မလွယ်ကူသည့်အတွက် ရန်ကုန်ဝယ်လက်များ သိသာစွာ နည်းပါးသွားတာဖြစ်ကြောင်း သိရသည်.။ ကားဝယ်ရောင်းများအနေဖြင့် ယခုနောက်ပိုင်းတွင် ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်များကိုသာ အဓိက ရောင်းချရမည့်လုပ်ငန်းသုံး Dyna နှင့် Canter ကားကြီးများကို ငွေကုန်ကျစရိတ် သက်သာစေရန် ရန်ကုန်လိုင်စင်နှင့် မသွင်းတော့ဘဲ ကားပါကင်ပြသရန်မလိုသည့် ပဲခူးတိုင်းအမည်ပေါက်နှင့် နယ်ကျော်ဒဏ်ကြေးပေးဆောင်၍ အရောင်းအဝယ်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်.။

 

အောင်မြတ် (AutoCar Buyers' Guide: Volume:1 Issue.17 မှ ကူးယူဖော်ပြပါသည်)

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App