မြန်မာနိုင်ငံတွင် အကြီးဆုံး နိုင်ငံတကာ B2B ကားဆက်စပ်ပစ္စည်းများနှင့် ဝန်ဆောင်မှုပြပွဲကြီး ကျင်းပမည်

မြန်မာနိုင်ငံတွင် မကြုံစဖူး အကြီးမားဆုံးဖြစ်လာမည့် ကားဆက်စပ်ပစ္စည်းများ၊ Spare parts နှင့် accessories များ၊ ဝန်ဆောင်မှုများ၊ ကားပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသမည့် MYANAUTO 2015 ပွဲကြီးကို အောက်တိုဘာလ (၉) ရက်၊ သောကြာနေ့မှ အောက်တိုဘာ (၁၁) ရက်၊ တနင်္ဂနွေနေ့အထိ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်.။

 

အဆိုပါပွဲသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကားဆက်စပ်ပစ္စည်းနှင့် ဝန်ဆောင်မှုပြပွဲဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံကားလုပ်ငန်းလောကမှ လုပ်ငန်းပေါင်း ၁၀၀၀၀ ခန့်လာရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်.။ အဆိုပါပွဲတွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၅၀) ကျော်တို့မှ ကားဆက်စပ်ပစ္စည်းများ၊ accessories များနှင့် ဝန်ဆောင်မှုများစွာ ပါဝင်ပြသသွားမည်ဖြစ်ပြီး နည်းပညာသစ်များနှင့် ထုတ်ကုန်သစ်များလဲ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်.။ မြန်မာနိုင်ငံကားလုပ်ငန်းလောကနှင့် နိုင်ငံတကာမှ ကားလုပ်ငန်းကုမ္ပဏီကြီးများ လာရောက်မည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလဲ ပြုလုပ်နိုင်မည့် အခွင့်အရေးရရှိနိုင်ခြင်း၊ နောက်ဆုံးပေါ်ပစ္စည်းများနှင့် နည်းပညာများအကြောင်း လေ့လာနိုင်ခြင်း အစရှိသည့် အခွင့်အရေးများလည်း ရရှိနိုင်မည်ဖြစ်သည်.။

 

MYANAUTO 2015 ပွဲကြီးသည် စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နှင့် အိန္ဒိယနိုင်ငံတို့မှ အဖွဲ့အစည်းများနှင့် ကားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီကြီးများမှ ထောက်ပံ့ပေးထားသော ပွဲကြီးဖြစ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 01-254765, 09-423697412 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်.။

 

www.carsdb.com

No. 1 Car Site in Myanmar

Latest News

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »
Download Android App