မော်တော်ယာဉ်မှတ်ပုံတင်နှုန်းထားများ ၁၀ဆမှ အဆ၃၀အထိ တိုးမြှင့်ကောက်ခံမည်

လက်ရှိမြန်မာနိုင်ငံ(အထူးသဖြင့် ရန်ကုန်မြို့)တွင်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုဆိုးဝါးခြင်းကို လျှော့ချရန်ဟုဆိုကာ မော်တော်ယာဉ်မှတ်ပုံတင်နှုန်းထားများကို အနည်းဆုံး ၁၀ဆမှ အဆ ၃၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ အကြီးတန်းအရာရှိတစ်ဦးထံမှသိရသည်။

"အခုနောက်ပိုင်း ကားအစီးရေများလာတာနဲ့အမျှ ယာဉ်မတော်တဆမှုတွေကလည်း များလာတာကြောင့်ပါ။ ဒါတွေကိုလျှော့ချနိုင်ဖို့အတွက် ဒီလိုတိုးဖို့လုပ်ရတာပါ" ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပေါများသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှုန်းထားပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်း ကညနထံမှ သိရသည်။ နှုန်းထားများကို ဒေသအပေါ်လိုက်၍ အုပ်စု ၃ခုခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံအများစုကောက်ခံသောနှုန်းထားများကိုလေ့လာ၍ ပြင်ဆင်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းသို့တိုးမြှင့်ကောက်ခံခြင်းကြောင့် ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် အခက်အခဲမရှိဘဲ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်လာနိုင်ကာ ပွဲစားခများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ကိုယ်ပိုင်ယာဉ်မောင်းအချို့က ပြောဆိုသည်။

20140624_142117_resized


Reference: The Voice Daily 24 June 2014 မှ ကိုးကားဖော်ပြသည်။

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App