ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားသော စည်ပင်သာယာနယ်နိမိတ် ဧရိယာအတွင်း၌ နှစ်လအတွင်း ဆိုင်ကယ်မတော်တဆမှု ၅၃ မှုအထိ ဖြစ်ပွားခဲ့

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဧရိယာ၌ ၂၀၁၄ ခုနှစ် နှစ်လတာ ကာလအတွင်း ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)’မှ သတင်းရရှိသည်။

Circles

ယခုနှစ် ဇန်န၀ါရီ ၁ ရက် မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူဦးရေ ခုနစ်ဆယ်အထိ ရှိခဲ့ကြောင်း သိရသည်။ “ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ ဆိုင်ကယ်ကနေ လူကိုဝင်တိုက်မိတဲ့ ဖြစ်စဉ်တွေက ပိုများပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ဧရိယာဖြစ်တဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်စီးခွင့်မရှိပါဘူး”ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စည်ပင်သာယာ နယ်နိမိတ်ဧရိယာ အတွင်း စီးနင်းသည့်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ ဆိုင်ကယ်အစီးရေ ၇၈၀ အား စစ်ဆေးဖမ်းဆီး အရေးယူခဲ့ကာ ယင်းတွင် လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၅၆၃ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၁၁၇ စီးတို့ ဖြစ်ကြောင်း သိရသည်။ စည်ပင်သာယာနယ်နိမိတ် ဧရိယာ ၃၁ မြို့နယ်၌ ဆိုင်ကယ်စီးနင်းမှုကို တားမြစ်ကန့်သတ်ထားပြီး ယင်းဧရိယာအတွင်း ဆိုင်ကယ်စီးနင်းပါက လိုင်စင်ရှိသည့် ဆိုင်ကယ်ဖြစ်လျှင် နယ်ကျော်စီးနင်းမှုဖြင့် အရေးယူ ဆောင်ရွက်ပြီး လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ-၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Ref: Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App