ကညန၌ သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ပြီး ရက်များအတွင်း ကနဦး မှတ်ပုံတင်ကြေး လာရောက်တွက်ချက်မှု များပြား

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန် ကြားမှုဦးစီးဌာန၊ မြင်သာကညနရုံးတွင် သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ပြီးရက်များအတွင်း ကနဦးမှတ်ပုံတင်ကြေး လာရောက်တွက်ချက်မှု ပိုမိုများပြားလျက်ရှိကြောင်း ‘မြင်သာကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန}’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။knn
ယာဉ်ပိုင်ရှင်များအနေဖြင့်က နဦးမှတ်ပုံတင်ကြေး လာရောက် တွက်ချက်ရာတွင် ဧပြီ ၇ ရက်တွင် ၂၅၄ စီး၊ ဧပြီ ၈ ရက်တွင် ၂၈၅ စီး၊ ဧပြီ ၉ ရက်တွင် ၂၇၈ စီး၊ ဧပြီ ၁၀ ရက် တွင် ၁၃၁ စီးနှင့် ဧပြီ ၁၁ ရက်တွင် အစီးနှစ်ဆယ် လာရောက်တွက်ချက်ခဲ့ပြီး ကညနရုံး ပြန်လည်ဖွင့်သည့် ၂၂ ရက်တွင်မူ ၃၀၈ စီး လာရောက် ငွေတွက်ချက် မှုရှိကြောင်း သိရသည်။ ကနဦး မှတ်ပုံတင်ကြေး လာရောက်တွက်ချက်မှုနှင့် ပတ်သက်၍ မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံ တင်ဌာနမှ တာဝန်ရှိသူတစ်ဦးက “ကနဦးမှတ်ပုံတင်ကြေး ပေးသွင်းမှုကတော့ အခွန်ငွေလျှော့ချလိုက်ပြီး နောက်ပိုင်းမှာ ပိုပြီးများလာတယ်၊ သင်္ကြန်မတိုင်ခင်က အခွန်လျှော့ချ ပေးလိုက်တဲ့အတွက် ငွေတွက်ချက်တဲ့ကားတွေ များလာတယ်၊ သင်္ကြန်ပြီး ရက်ပိုင်းတွေမှာလည်း ငွေတွက်ချက်သူတွေ များနေပါသေးတယ်၊ နေ့စဉ် ပျမ်းမျှကတော့ တစ်ရက်ကို အစီးရေ နှစ်ရာ ၀န်းကျင်လောက်ရှိပါတယ်၊ ငွေသွင်းတဲ့ အစီးရေကတော့ တစ်ရက်ကို သုံးရာဝန်းကျင်လောက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ ကညနရုံး ပြန်လည်ဖွင့်သည့် ၂၂ ရက်တွင် နံပါတ်ပြား လာရောက် ထုတ်ယူသည့် ကားများမှာ နည်းပါးလျက်ရှိနေသေးပြီး နံပါတ် လာရောက်ထုတ်ယူမှုမှာ အစီးရေ သုံးရာဝန်းကျင်ခန့်ရှိကြောင်း ကန ဦးမှတ်ပုံတင်ဌာနမှ သိရသည်။


 

Ref: Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App