Mercedes ၏အသစ်ထွက်မည့် A-Class ကားများတွင် iPhone 4S ဖြင့်ချိတ်ဆက်သုံးနိုင်မည့် စနစ် ထည့်သွင်း

mercedes-a-class-iphone-siri-500x375

Mercedes-Benz ၏အသစ်ထွက်မည့် A-Class ကားများတွင် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုပြီး iPhone 4S နှင့်လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ Mercedes သည်လည်းကောင်း၏ A-Class ကားသစ်များကို နောက်လအတွင်းပြုလုပ်မည့် Geneva Motor Show တွင်ပြသသွားရန် စီစဉ်ထားသည်။ အတွင်းပိုင်း user interface သည်လုံးဝ အသစ်ပုံစံ ပြောင်းလဲလိုက်ပြီး အသစ်ထည့်သွင်းထားသော features နှင့် functions အားလုံးနီးပါးမှာ iPhone 4S အတွက်ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။

အသစ်ထည့်သွင်းထားသော Digital DriveStyle application သည် Facebook, Twitter တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ကားများစွာရပ်နားထားသော နေရာများတွင် မိမိကားအား ရှာဖွေပေးနိုင်မည့် စနစ်များ ပါဝင်သည်။

ထို့အပြင် Mercedes သည် Apple ကုမ္ဗဏီ၏ Siri voice-recognition technology နှင့်ချိတ်ဆက်ပေးသည့် စနစ်ထည့်သွင်းပေးထားသော ပထမဆုံး ကားထုတ်လုပ်သည့် ကုမ္ဗဏီဖြစ်သည်။ သို့သော်ထို features များမှာ ဥရောပတွင်ရောင်းချမည့် A-Class ကားများတွင်သာ ပါရှိဦးမည်ဟုသိရသည်။

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App