တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်နှင့် ပို့ကုန်၊ သွင်းကုန်လိုင်စင် လုပ်ငန်းများ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဆောင်ရွက်နိုင်

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင်ကတ်(ITC) ထုတ်ပေး၍ ITC ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်များခွင့်ပြုခြင်းကို ဧပြီ ၁ ရက် မှစ၍ စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန’မှ သိရသည်။22 (1)
“ပို့ကုန်၊ သွင်းကုန်လုပ်မယ်ဆို အရင်းအနှီး အရမ်းများတယ်လေ၊ ဒီဟာနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်ထားစရာမလိုဘဲ ITC ကတ် တစ်စောင်ကို ကျပ်ငါးရာကနေ တစ်ထောင်၊ သိန်းငါးဆယ်ကနေ သိန်းတစ်ရာ ထားပေးတော့ အဲဒါတွေက ပိုလုပ်လို့ လွယ်တာပေါ့၊ ITC မှာ သွားပြီးတော့ ကုမ္ပဏီ မှတ်ပုံတင်ရမှာတို့၊ ကုမ္ပဏီရှိဖို့လိုတာတို့ အဲဒါတွေဆို အများကြီးရှုပ် တယ်လေ၊ ITC ကတ်နဲ့ကျတော့ တန်းပြီး လုပ်လို့ရတော့ အဲဒါကို ထုတ်ပေးမှာ၊ ပို့ကုန်၊ သွင်းကုန်အတွက် ရုံးဖွင့်ပြီးတာနဲ့ ITC ကတ်နဲ့ လျှောက်ရင် ထုတ်ပေး သွားမှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ကုန်သွယ်မှုလမ်းကြောင်း တစ်ဆက် တည်းဖြစ်သည့် မူဆယ်၊ ချင်းရွှေပောာ်၊ လွယ်ဂျယ်၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ် ပေးခြင်းဖြစ်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။

 

Ref : Automobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App