ပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု၌ CNG သဘာဝဓာတ်ငွေ့ အစားထိုး LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးရောင်းချမည်

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု ဖြစ်သည့် Asia World ၊ ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar တို့တွင် CNG သဘာဝဓာတ်ငွေ့အစားထိုး LPG ဓာတ်ငွေ့ ရည်များ ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ‘Powertek Engineering Group’မှ သတင်းရရှိသည်။

LPG

 Asia World ၊ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar ကုမ္ပဏီများမှ ဖွင့်လှစ်ရောင်းချ လျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များတွင် LPG ဓာတ်ငွေ့ရည်များ ရောင်းချ သွားမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ “အခု ပြည်တွင်းမှာ ရောင်းချနေတဲ့ LPG လောင်စာက ကားမောင်းရာမှာ သုံးတာမဟုတ်ဘဲ ဟင်းချက် ရာမှာ သုံးတဲ့ အရည်အသွေး ဖြစ်နေပါတယ်၊ ဒါကြောင့် LPG ဓာတ်ငွေ့က အဆင်မပြေ ဖြစ်နေတယ်၊ အဓိက ကားတွေအတွက် သီးသန့် LPG ရောင်းရမှာပါ၊ အဲဒါကြောင့် အရည် အသွေးပြည့်ပြီး မောင်းတဲ့အခါမှာ အဆင်ပြေမှုရှိအောင် ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးကောင်းတဲ့ LPG ရရှိနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု Powertek Engineering Group မှ မန်နေဂျင်းဒါရိုက်တာ ဦးနေ၀င်းက ပြောသည်။ ပြည်တွင်း၌ LPG ဓာတ်ငွေ့ကို တစ်လီတာလျှင် ကျပ် ၆၅၀ မှ ခုနစ်ရာနှုန်းကြားဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။


Ref : Automobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App