မိုဒယ်လျော့ကားများမတင်သွင်းမိရန် oliac.com ၀က်ဘ်ဆိုက်တွင် ၀င်ရောက်စစ်ဆေးသင့်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အကြံပြု

အောက်တိုဘာ ၁ ရက်မှစ၍ သတ်မှတ်မော်ဒယ်လျော့ကားများကို သိမ်းဆည်းပြစ်ဒဏ်နှင့် ဒဏ်ကြေးချ မှတ်မည်ဖြစ်ရာ မော်ဒယ်လျော့ကားများ မတင်သွင်းမိစေရန်အတွက် oliac.com ၀က်ဘ်ဆိုက်တွင် ကြိုတင်ဝင် ရောက်စစ်ဆေးသင့်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အကြံပြုသည်။

မြန်မာနိုင်ငံကို တင်သွင်းလာသည့်ကားများထဲတွင် ဂျပန်ပြည်တွင်းထုတ်ကားများကို အများဆုံးတင် သွင်းကြပြီး Chassis No. များကိုလည်းရိုက်နှိပ်ထားသည်။ Chassis No. များသည် ထုတ်လုပ်သည့် Manufacture Date ကိုဖေါ်ပြထားသည်။မြန်မာနိုင်ငံမှမော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် Manufacture Date ကို သိရှိစေရန်အတွက် https://www.oliac.com/autos/ တွင် ၀င်ရောက်ကြည့်ရှုခြင်းအားဖြင့်သိနိုင် သည်။

“ဂျပန်မှာ ကနဦးမှတ်ပုံတင်ထားတဲ့ခုနှစ်အတိုင်း ထုတ်လုပ်ခုနှစ်ကို သတ်မှတ်ထားတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံကမော်တော်ယာဉ်တင်သွင်းသူတွေအနေနှင့် မော်ဒယ်လွဲမှားမှုမဖြစ်ရအောင် လေလံဆွဲပြီးဝယ်ယူ မယ့်ကားရဲ့ Chassis နံပါတ်ကိုသိမယ်ဆိုရင် oliac.com မှာဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ တကယ်လို့မသေချာ ဘူးထင်ရင် Chassis စာအုပ်နဲ့တိုက်ပြီးစစ်ဆေးလို့ရပါတယ်။ oliac.com မှာထုတ်လုပ်တဲ့ခုနှစ်ကို စစ်ဆေးမယ် ဆိုရင် ၉၈% က Chassis စာအုပ်နဲ့ကိုက်ညီတာကိုတွေ့ရှိရပါတယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုပြောပြခဲ့သည်။

ထိုသို့ oliac.com တွင် Manufacture Date ကိုစစ်ဆေးလျှင် ကား၏ Chassis နံပါတ်ကို Find Year of Maunfarcer ၏အောက် ကွက်လပ်တွင်ရှိသော Enter Chassis No. တွင်ရိုက်နှိပ်ကာ Find Now ကိုနှိပ်ကာ ရှာဖွေနိုင်မည်ဖြစ်သည်။

အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်မော်ဒယ်လျော့ကားများကို ပြစ်ဒဏ်သတ်မှတ်ရာတွင် ယာဉ်အို ယာဉ်ဟောင်း အစားထိုးပါမစ်နှင့်ဖြစ်စေ၊ Free Permit နှင့်ဖြစ်စေ တစ်နှစ်လျော့တင်သွင်းပါက 1 Year Down ကို 1/4 AV ၊ 2 Year Down ကို သိမ်းဆည်းပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

Rrf: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App