Cars Showroom များ Brand New ကားအစီးရေ တစ်ရာအထိ တင်သွင်းနိုင်သော်လည်း ဘယ်မောင်းများသာ ဖြစ်ရမည်

ရန်ကုန်၊ သြဂုတ် ၁၉

Brand New ကားများ ရောင်းချသော Showroom များအနေဖြင့် မော်ဒယ်အသစ် ကားအစီးရေ ၁၀၀ အထိ တင်သွင်းနိုင်သော်လည်း ဘယ်မောင်းများသာဖြစ်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

3106312337_86b6631980

Showroom များအနေဖြင့် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်ပြီး( လက်ရှိကာလတွင် ၂၀၁၃ မော်ဒယ်လ်နှင့် ၂၀၁၂ မော်ဒယ်လ်) အသုံးမပြုရသေးသော Brand New ကား အစီးတစ်ရာအထိ မှာယူတင်သွင်းနိုင်သော်လည်း မြန်မာနိုင်ငံသည် လက်ယာဘက်ကပ်မောင်းသော စနစ်သုံးသည့် နိုင်ငံဖြစ်သည့်အတွက် တင်သွင်းလာသောယာဉ်များကို ဘယ်မောင်းစနစ်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တစ်ဦးခြင်းပါမစ်ဖြင့် Brand New ကားများ တင်သွင်းပါကလည်း ဘယ်မောင်းယာဉ်များကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုလကုန်မှစ၍ တစ်ပတ်ရစ်ကားများ ရောင်းချသော ကားအရောင်းစင်တာများကို ၂၀၀၈ မော်ဒယ်လ်မှ ၂၀၁၁ မော်ဒယ်လ်အကြား ကားများအား တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားရာ တင်သွင်းလာသောကားများကို ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရှိရသည်။

Brand New ကားများ တင်သွင်းရောင်းချလိုသည့် အရောင်းစင်တာများအနေဖြင့် မော်တော်ယာဉ်အသစ်များကို ထုတ်လုပ်သည့် ပင်ရင်းကုမ္ပဏီမှ ဖြစ်စေ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၏ ဒေသတွင်း တရားဝင် ရောင်းချခွင့်ရရှိထားသည့် ကုမ္ပဏီအဖွဲ့အစည်းမှ ဖြစ်စေ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ခံထားရသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Auto Mobile journal မှ ကူးယူဖော်ပြသည်။

Photo credit by Renato

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App