တိုက်ခန်းဝယ်လျှင် လမ်ဘော်ဂနီ ကားသစ်တစ်စီး လက်ဆောင်ပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခု စီစဉ်

ရေနံပေါကြွယ်ဝလှသည့် အာရပ်စော်ဘွားပြည်ထောင်စု(ယူအေအီး)မှ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီတစ်ခုသည် ၎င်းင်းတို့ ဆောက်လုပ်ထားသော အဆင့်မြင့် ဇိမ်ခံမိုးမျှော်တိုက်ခန်း တစ်ခန်း ၀ယ်ယူသူတိုင်းကို ဒေါ်လာ သိန်းကျော်တန် တန်ဖိုးကြီး လမ်ဘော်ဂနီပြိုင်ကားတစ်စီး လက်ဆောင်ပေးရန် စီစဉ်ထားကြောင်း "ယူအေအီး သတင်းဌာနများ" က ဇန်န၀ါရီ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

9840939115_ec491edf4b

ယူအေအီးနိုင်ငံတွင်သာမက အရှေ့အလယ်ပိုင်း ဒေသတွင်ပါ အကြီးဆုံး ဇိမ်ခံအိမ်ရာများ ဆောက်လုပ်သည့် Damac Maison ကုမ္ပဏီ သည် ဇန်န၀ါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပပြုလုပ်နေသည့် ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း တန်ဖိုးအကြီးဆုံး တိုက်ခန်းတစ်ခန်း ၀ယ်ယူသူကို ဒေါ်လာ လေးသိန်းအထိတန်သော ၂၀၁၄ မိုဒယ် Lamborghini Aventador ပြိုင်ကားတစ်စီး မေတ္တာ လက်ဆောင်ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောခဲ့သည်။ အခြားအခန်းများ ၀ယ်ယူသူများအတွက်လည်း တိုက်ခန်းတန်ဖိုးအပေါ် မူတည်ကာ BMW ၊ သို့မဟုတ် Mini ကားသစ်များ လက်ဆောင်ပေးမည်ဟု မက်လုံးပေးထားသည်။ တန်ဖိုးကြီးကားများ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းခြင်းမှာ Damac Maison အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ယမန်နှစ်ကလည်း တိုက်ခန်း ၀ယ်ယူသူများကိုAudi R8s ၊ A8 ၊ A6s ၊ A4 စသည့် ဇိမ်ခံကားများကို ပေးခဲ့ဖူးသည်။

Damac Maison ကုမ္ပဏီမှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ မစ္စတာ နီရယ်မက် လောက်လင်းက ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း Damac အိမ်၊ ခြံ၊ မြေ လုပ်ငန်းစုကပေးမယ့် လက်ဆောင်တွေဟာ အမြဲတမ်း မြင့်မားနေပါလိမ့်မယ်၊ ဒီနှစ် ဈေးရောင်းပွဲတော်မှာလည်း ကုမ္ပဏီအတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။

 

Ref: Automibile

Photo Detail:  Lukas Hron Photography Lukas Hron Photography

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App