ကလေးမြို့တွင်း သုံးတန်အထက် ယာဉ်မ၀င်ရ သတ်မှတ်နေရာသို့ ကုန်တင်ယာဉ်များ ၀င်ရောက်ပါက အရေးယူမည်

ကလေးမြို့တွင်း၌ ယာဉ်ကြော ရှုပ်ထွေးမှုရှိနိုင်သည့် လမ်းနေရာများတွင် သုံးတန်ထက်ကျော်သော ယာဉ်များ ၀င်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ယင်းနေရာသို့ ကုန်တင်ယာဉ်များ အနေဖြင့် ဖြတ်သန်းသွားလာမှုများ ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ(မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။Container
၂၀၁၃ ဒီဇင်ဘာလကစပြီး သုံးတန်ထက်ယာဉ်တွေ မ၀င်ရဆိုပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းနဲ့ စံပြလမ်းထောင့်ကနေ လမ်းဆုံအထိ တစ်နေရာ၊ ဘုရားကြီးလမ်းနဲ့ ဝေဇယန္တာလမ်းပိုင်းက တစ်နေရာ၊ ဝေဇယန္တာ လမ်းထောင့်ကနေ လမ်းဆုံ မီးပွိုင့်နေရာတွေကို သတ်မှတ်ထားပါတယ်၊ အဲဒီနေရာတွေက ယာဉ်သွား ယာဉ်လာများတော့ အထူးသဖြင့် ကုန်တင်ကားကြီးတွေ ၀င်လိုက်ပြီဆိုရင် လမ်းကပိတ်သွားတယ်၊ လမ်းကျဉ်းတာလည်း ပါတာပေါ့၊ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေကို မ၀င်ခိုင်းတာပါဟု ၎င်းက ရှင်းပြသည်။ ဗိုလ်ချုပ်လမ်းပိုင်းမှာဆိုရင် လေဆိပ်ရှေ့ရယ်၊ မြို့မဈေး ရှေ့ရယ်က ယာဉ်ကြော ခဏခဏ ပိတ်တယ်၊ အဲဒီနေရာတွေမှာ ယာဉ်တွေက နှစ်ထပ်လောက် ရပ်လိုက်တော့ ကုန်တင်ကားကြီးတွေသာ ၀င်လိုက်မယ်ဆိုရင် ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်သွားနိုင်တယ်” ဟု (မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ထပ်မံပြောကြားသည်။ အဆိုပါ သုံးတန်အထက်ယာဉ်များ မ၀င်ရ သတ်မှတ်နေရာများသို့ ကုန်တင်ယာဉ်များ ၀င်ရောက်ပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူမှုသည် ဒဏ်ငွေ ငါးသောင်းအထိသာ ချမှတ်နိုင်သောကြောင့် ယာဉ်မောင်းများ အနေဖြင့် စည်းကမ်းလိုက်နာမှု ပိုမိုအားကောင်းစေရန် အခြေခံဥပဒေအား ပြင်ဆင်ရန် အထူးလိုအပ် နေကြောင်း ဦးစိုးဝင်းက ဆိုသည်။ ထို့ပြင် ကလေးမြို့၌ ယာဉ်များ ယခင်ထက် ပေါများလာသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှု သက်သာစေရန် ကလေးမြို့ မင်းရဲကျော်စွာ လမ်းမှတစ်ဆင့် ကလေးမြို့နယ်၊ တောင်ဖီလာတောင် အနီးတစ်ဝိုက်အထိ မြို့ပတ်လမ်း ဖောက်လုပ်ရန် သက်ဆိုင်ရာက စီစဉ်နေကြောင်းလည်း သိရှိရသည်။

 

Ref: Automobile

Photo Detail:  bristol lad

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App