James Bond ရုပ်ရှင်ဇာတ်ကားသစ် "Spectre" မှာ ပါဝင်မယ့် ကားများ

James Bond ရုပ်ရှင်ကားတွေမှာ ဇာတ်လိုက်ကျော် James Bond မင်းသား စီးနင်းတဲ့ Aston Martin ကားတွေ အပြင် တန်ဖိုးကြီးကားပေါင်းများစွာ အသုံးပြု ရိုက်ကူးလေ့ရှိတာ အများအသိပဲဖြစ်ပါတယ်.။ ယခု ရုံတင်ပြသတော့မယ့် 007 ကားသစ် “Spectre” မှာလဲ Aston Martin DB10 ကားသစ်အပါအဝင် တန်ဖိုးကြီးကားတွေကို မောင်းနှင်ပြသမှာဖြစ်ပါတယ်.။ ဒီရုပ်ရှင်ကားမှာ ပါဝင်မောင်းနှင်မယ့် ကားများကို CarsDB ပရိသတ်များအတွက် မိတ်ဆက်တင်ပြပေးလိုက်ပါတယ်.။

 

Aston Martin DB 10

aston-martin-db10-james-bond-car

ဒီကားဟာ Spectre ဇာတ်ကားသစ်ထဲမှာ James Bond မောင်းနှင်မယ့် ကားဖြစ်ပါတယ်.။ လောလောဆယ် နမူနာအဖြစ် (၁၀) စီးသာ ထုတ်လုပ်ထားခဲ့ပြီး (၁၀) စီးလုံးကို Spectre ရုပ်ရှင်ကားထဲမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်.။ DB 10 တွေကို လက်နဲ့ပဲ တည်ဆောက်ထားတာဖြစ်ပြီး နမူနာတွေပဲဖြစ်တဲ့အတွက် ဈေးကွက်မှာ ရောင်းချဖို့ ထုတ်လုပ်ဦးမှာမဟုတ်ပါဘူး.။ ဒါပေမယ့် 2016 ခုနှစ်အတွင်း ထွက်ရှိလာမယ့် Aston Martin ကားတွေရဲ့ ဒီဇိုင်းပိုင်းကို ကြိုတင်ခန့်မှန်းဖို့တော့ လွယ်ကူခဲ့ပါတယ်.။ ဒီကားဟာ ဇာတ်ကားထဲမှာ ရောမမြို့နောက်ခံ လမ်းမတွေပေါ်မှာ James Bond ရဲ့ အဓိက ပြိုင်ဘက် ဗီလိန် Mr. Hinx ရဲ့ Jaguar C-X75 နဲ့ ယှဉ်ပြိုင်မောင်းနှင်မှာဖြစ်ပါတယ်.။

 

Jaguar C-X75

spectre

Jaguar ကုမ္ပဏီရဲ့ 2010 Paris Auto Show မှာ ပြသခဲ့တဲ့ Hybrid ပြိုင်ကားပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ စတင်ကြေညာချိန်မှာ မြင်းကောင်ရေ 200 ကျော် အထိ အင်ဂျင်ပါဝါရရှိပြီး 0-60 mph ကို 3 စက္ကန့်အတွင်းရောက်ရှိခဲ့တဲ့ ဒီကားဟာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်.။ Jaguar ကုမ္ပဏီဟာ ဒီကားကို အမှန်တကယ်ထုတ်လုပ်မှာမဟုတ်ဘဲ James Bond ရုပ်ရှင်ကားအတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်.။

 

Land Rover Defender Bigfoot

def-01

Land Rover Defender Bigfoot ကားတွေဟာ Range Rover Sport SVR တွေနဲ့ အတူ James Bond ရဲ့ ကားနောက်ကို လိုက်တဲ့ အခန်းတွေမှာ အသုံးပြုမှာဖြစ်ပါတယ်.။ ဒီကားတွေဟာ Land Rover ကုမ္ပဏီရဲ့ Special Vehicle Operations က ထုတ်လုပ်ထားတာဖြစ်ပြီး 37 လက်မ လမ်းကြမ်းမောင်း တာယာတွေနဲ့ Body အကာအကွယ်တွေ တပ်ဆင်ထားပါတယ်.။ ဒီကားတွေဟာ Land Rover ရဲ့ ထုတ်လုပ်ပြီးသမျှ ကားတွေထဲမှာ အမြန်ဆုံးနဲ့ Powerful အဖြစ်ဆုံး ကားများဖြစ်ပါတယ်.။

 

Range Rover Sport SVR

svr-01

Range Rover Sport SVR ကားတွေဟာလဲ Land Rover တွေနဲ့ အတူ James Bond နောက်ကို လိုက်တဲ့ အခန်းမှာ ပါဝင်မှာဖြစ်ပါတယ်.။ လန်ဒန်မြို့နောက်ခံ အခန်းတွေသာမက နှင်းတွေထူထပ်တဲ့ တောင်တန်းတွေပေါ်မှာပါ မောင်းနှင်မှာဖြစ်တဲ့အတွက် Powerful ဖြစ်မှာတော့ သေချာပါတယ်.။

 

www.carsdb.com

No. 1 Car Site in Myanmar

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App