Jaguar ကားသစ် မိတ်ဆက်ပွဲသို့ ဒေးဗစ်ဘက်ခမ်း တက်ရောက်

အင်္ဂလန်နှင့် မန်ယူဂန္ထ၀င် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းသည် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ဘေဂျင်းကားပြပွဲသို့ တက်ရောက်ပြီး Jaguar F Type Coupe ပြိုင်ကားကို ပြပွဲလာ ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက ဧပြီ ၂၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

David-Beckham-Jaguar

အသက် ၃၈ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းလည်းဖြစ်သူ ဘက်ခမ်းသည် ဗြိတိန် ကားကုမ္ပဏီ Jaguar ၏ သံတမန် တစ်ဦးလည်းဖြစ်ကာ ဧပြီ ၂၀ ရက် တွင် ကျင်းပသော (၁၃) ကြိမ်မြောက် ဘေဂျင်းကားပြပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ Jaguar သည် လူဦးရေ ၁ ဒသမ ၃၄ ဘီလျံရှိသော တရုတ်ဈေးကွက် တွင် ထိုးဖောက်နိုင်ရန် အတွက် တရုတ်ပရိသတ်များ၏ အသည်းကျော် ဒေးဗစ်ဘက်ခမ်းကို သံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းကားပြပွဲသို့ တက်ရောက်ခဲ့ aသာ ဘက်ခမ်းကို ကားဝါသနာရှင်များက သည်းသည်းလှုပ် ကြိုဆိုခဲ့ကြပြီး ကားရောင်းအားမှာလည်း မြင့်တက်လာဖွယ် ရှိနေသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ ကြသည်။ ဘက်ခမ်း မိတ်ဆက်ပေးခဲ့သည့် F Type Coupe ပြိုင်ကားမှာ နောက်ဆုံးပေါ် မိုဒယ် ဖြစ်ပြီး ၅ ဒသမ ၁ စက္ကန့်အတွင်း သုညမိုင်မှ တစ်နာရီ မိုင် ၆၀ နှုန်း အထိ ရှိန်မြှင့်တင်နိုင် သလို အမြင့်ဆုံးအနေဖြင့် တစ်နာရီ ၁၆၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။


 

Ref: Automobile

Latest News

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »
Download Android App