အိန္ဒိယဇိမ်ခံကား ရောင်းချရမှု၌ Audi ကို BMW ရှုံးနိမ့်ခဲ့ရ

ကမ္ဘာကျော် ဇိမ်ခံကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် BMW သည် ၂၀၁၃ အိန္ဒိယဇိမ်ခံကား ရောင်းချရမှုစာရင်းတွင် ဂျာမန်ပြည်တွင်း ပြိုင်ဘက် Audi နှင့် Mercedes တို့ကို ရှုံးနိမ့်ပြီး တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်ဟု ‘အိန္ဒိယ တိုင်းမ်သတင်းစာ’ က ဇန်န၀ါရီ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

Audi-and-BMW-

၂၀၁၂ ခုနှစ်၊ အိန္ဒိယဇိမ်ခံ ကားရောင်းချမှု စာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သော BMW သည် ၂၀၁၃ ခုနှစ်တွင်မူ ကားစီးရေ ၇,၃၂၇ စီးသာ ရောင်းချခဲ့ရ သောကြောင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ အိန္ဒိယဇိမ်ခံကား ရောင်းအားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သူမှာ Audi ဖြစ်ပြီး စီးရေ ၁၀,၀၀၂ စီးဖြင့် ယမန်နှစ်ကထက် ရောင်းအား ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒုတိယနေရာတွင် Mercedes က ရပ်တည်နိုင်ခဲ့ပြီး စီးရေ ၉,၀၀၃ စီးဖြင့် ယမန်နှစ် ရောင်းအားထက် ၃၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ BMW မှာမူ ၂၀၁၂ ခုနှစ် ရောင်းအားထက် ၂၂ ရာခိုင်နှုန်း လျော့နည်းကာ ရောင်းအား အကောင်းဆုံးဆုကို ပြိုင်ဘက် ကုမ္ပဏီများထံ လွှဲပြောင်းပေးခဲ့ရသည်။ BMW ၏နောက်တွင် အစဉ်လိုက် ရပ်တည်နိုင်ခဲ့သော ကုမ္ပဏီများမှာ စီးရေ ၂,၉၁၃ စီး ရောင်းချနိုင်ခဲ့သည်။ Jaguar Land Rover နှင့် ၉၁၃ စီး ရောင်းချနိုင်ခဲ့သော Volvo တို့ ဖြစ်သည်။

 

Ref: Auto Mobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App