ရန်ကုန်မြို့တွင်း ညအချိန် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို လှည့်ကင်းအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ညစဉ်ဆောင်ရွက်

ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ညအချိန် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကိုဖမ်းဆီးအရေးယူရန် လှည့်ကင်းအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ညစဉ် ဆောင်ရွက်လျက်ရှိကြောင်း ‘အမှတ် -၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သိရသည်။                             Low-of-Car


ညအချိန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများ လိုက်လံဖမ်းဆီးစစ်ဆေးရေး လှည့်ကင်းအဖွဲ့များအား ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး တစ်ပတ် အတွင်း လှည့်ကင်းဖြင့် လှည့်လည် ဖမ်းဆီးခဲ့သည့် အမှုပေါင်း ၆၄၃ မှုအထိ ရှိခဲ့ကြောင်း သိရသည်။ “ဖမ်းဆီး အရေးယူမှုတွေထဲမှာ စည်းကမ်း မဲ့မောင်းနှင်မှုတွေ၊ မှတ်တိုင်မဟုတ်ဘဲ လူတင်တာတွေ၊ ဟွန်းတီးတာ၊ ဖြူနီကျား ရပ်တာ၊ ကွ့ကြောတွေမှာ တည့်ထွက်တာ၊ မော်တော်ယာဉ် နံပါတ်ပြားမှာ နောက်နံပါတ် ပြားမပါတာ၊ ဘေးတံခါး ဖွင့်မောင်းတာတွေနဲ့ စည်းကမ်းနဲ့ ညီညွတ်ခြင်းမရှိတဲ့ ယာဉ်တွေကို စစ်ဆေးဖမ်းဆီး အရေးယူခဲ့ပါတယ်” ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ပြစ်မှုအသေးများ ဖမ်းဆီးဆောင်ရွက်ရာတွင် လှည့်ကင်း၊ ပိတ်ဆို့ စစ်ဆေးမှု များ၊ နေ့အချိန် တာဝန်ကျ စစ်ဆေးမှုများဖြင့် ဆောင်ရွက် လျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ မတ် ၁ ရက်မှ ၁၁ ရက်အထိ ဖမ်းဆီးအရေးယူမှု စုစုပေါင်း ၁၂,၁၈၁ မှု ရှိခဲ့ပြီး တရားစွဲဆို တင်ပို့ ခဲ့သည့် အမှုပေါင်း ၁၀,၉၅၇ မှုအထိ ရှိခဲ့ ကြောင်း သိရသည်။


 

Ref: Automobile

 

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App