ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၌ လူကူးခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်

ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၌ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ 'မှ သတင်းရရှိ သည်။                     Traffic


ခရီးသည်တင် ဘတ်စ်ကားများမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင် တပ်မတော်စက်ရုံရှေ့တွင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လမ်းဆုံမီးပွိုင့်တွင် ရပ်နား၍ ခရီးသည်တင်ဆောင်နေခြင်းများကြောင့် ကွေ့ကြောယာဉ်များ အလွယ်တကူဖြတ်သန်း သွားလာရန် အဆင်မပြေခြင်း၊ လမ်းဆုံတွင် အထက်တန်းကျောင်း ရှိနေခြင်းနှင့် ယာဉ်သွားလာမှုများ ရှုပ်ထွေးခြင်းတို့ကြောင့် လူကူးခုံးကျော်တံတားသစ်တစ်စင်း တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ လူကူးခုံးကျော်တံတားကို ယခုလ ပထမ ပတ်တွင် စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိတွင် မြေသားစမ်းသပ်ချက်များနှင့် ပိုင်ရိုက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ အဆိုပါ ခုံးကျော်တံတား ကို မြို့တော်စည်ပင် နှင့် V-Pile ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ယခု ဘဏ္ဍာနှစ်အတွင်းတွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြို့တော်စည်ပင်မှ စက်လှေကားနှင့် လေအေးပေး စက်ပါဝင်သော အဆင့်မြင့် လူကူးခုံးကျော် တံတား သုံးစင်းကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)မှ သတင်းရရှိသည်။


 

Ref  ; Automobile

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App