ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှု အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅၀၀ ခန့် ပေးလျော်ခဲ့

မြန်မာ့အာမခံလုပ်ငန်းမှ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅၀၀ ခန့် ပေးလျော်ခဲ့ကြောင်း ‘မြန်မာ့အာမခံလုပ်ငန်း’မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။


Car-Accident-Blog


စက်တပ်ယာဉ်နှင့် ထိခိုက်မိသည့် မည်သူမဆို ရရှိခံစားရသည့် သူတစ်ပါးထိခိုက်မှု အာမခံအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ကိုးလတာ ကာလအတွင်း လျော်ကြေးငွေ အနေဖြင့် သေဆုံးသူ ၆၅၆ ဦးအတွက် ငွေကျပ် ၃,၂၄၆ သိန်း၊ ဒဏ်ရာရရှိသူ ၄၉ ဦးအတွက် ၉၆ ဒသမ ၇၂ သိန်း စုစုပေါင်း ၇၀၅ ဦး အတွက် ငွေကျပ် ၃,၃၄၂ သိန်း ကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ “သူတစ်ပါးထိခိုက်မှု အာမခံက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား တစ်ခု ဖြစ်ပါတယ်”ဟုလည်း ၎င်းက ရှင်း ပြသည်။ စက်တပ်ယာဉ်ဟု ဆိုရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ယန္တရားများ၊ သင်္ဘော၊ သမ္ဗန် စသည်ဖြင့် စက်တပ်အသုံးပြုရသော ယာဉ်အားလုံး အကျုံးဝင်မည် ဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း စက်တပ်ယာဉ် များမှ လာရောက်ထားရှိသည့် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ ကြေး ငွေကျပ် ၂၉,၆၂၂ သိန်း ကျော် ရရှိခဲ့ပြီး ငွေကျပ် ၃,၃၄၂ သိန်းကျော် ပြန်လည်ပေးလျော်ခဲ့ရကြောင်း သိရှိရသည်။


 

Ref: Automobile

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App