သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ

သုံးလတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်မရပ်ရ သတ်မှတ်ထားသည့် ကန့်သတ်လမ်းများပေါ်၌ ရပ်နားထားသည့် ယာဉ်များ ကို ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင် ခန့်ရှိကြောင်း ‘အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ စုံစမ်းသိရှိရသည်။


Towed-Car


ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းပေါင်း ၅၇ လမ်းတွင် ရပ်တန့်သည့် ယာဉ်များအား ဖမ်းဆီးအရေးယူမှုကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ပြီးဖေဖော်ဝါရီ ၁၈ ရက်အထိ ဖမ်းဆီးအရေးယူမှုပေါင်း ၄,၇၇၉ မှုရှိခဲ့ကြောင်း၊ ယင်းအပြင် ကရိန်းနှင့် ဖမ်းဆီး အရေးယူမှု ၁,၀၈၇ မှု၊ ချလန်ဖြတ် အရေးယူမှုခဲ့မှုပေါင်း ၃,၆၉၂ မှု ဖြစ်ကြောင်း သိရသည်။ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ဖမ်းဆီးအရေးယူခြင်းခံရပါက ကရိန်းနှင့်ဆွဲယူသည့် ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည် ဖြစ်ပြီး ချလန်ဖြတ် အရေးယူပါက ဒဏ်ငွေ နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း၊ ယင်းမှာ စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ယင်း ဥပဒေအရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် တစ် သောင်းဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်မည်ဟု သိရသည်။


Ref : Automobile

 

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App