ကားယူဝယ်တင်သွင်းခြင်းဖြင့် အခွန်ငွေ ခုနှစ်သန်းကျော်ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့

မြန်မာနိုင်ငံက ပြည်ပမှ ဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များမှ အခွန်ငွေ ကျပ်သန်းပေါင်း ခုနှစ်သန်းကျော်ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း သိရသည်။

auto-yangon-Reuters_0


မော်တော်ယာဉ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ငွေကောက်ခံခဲ့ပြီး ၂၀၁၄ ဇန်နဝါရီလ အထိကျပ်သန်းပေါင်း ၇၃၈၁၁၇ ဒသမ ၃၉ သန်း ကောက်ခံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သောသတင်းများအရ သိရသည်။ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံကာ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လဲလှယ်ရေးစီမံချက်အတွက် ၈၂၆၂၅ စီး၊ ကားအရောင်းပြခန်းများ အတွက် ၅၈၅၃၂ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်ခရီးသွားဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီး၊ လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများဖြင့် ၁၁၁၃၁၁ စီး တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။


Ref : Myanmar Business Today

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App