Ford ရဲ့ Compact Crossover SUV အသစ် (သို့) 2016 Ford Escape

SUV ခေါ် Sport Utility Vehicle (ဘက်စုံသုံးမော်တော်ယာဉ်) အမျိုးအစားများသည် ၂၁ ရာစု ကားလောကတွင် အခြားသော ကားအမျိုးအစားထက် ပိုမို၍ လူကြိုက်များပါသည်.။ SUV ကားများသည် နေရာဒေသမရွေး သွားလာနိုင်ခြင်း၊ လမ်းအခြေအနေမျိုးစုံနှင့် သင့်တော်သည့် ဒီဇိုင်းပုံစံရှိခြင်း၊ မိသားစုများ၊ လူငယ်များအနေဖြင့် အဖွဲ့လိုက် ခရီးသွားလာနိုင်ခြင်း စသည့်အချက်များကြောင့် SUV များအား ကမ္ဘာအနှံ့ နှစ်သက်စွာ သုံးစွဲကြပါသည်.။

 

ယခုတစ်ပတ်အတွက် ရွေးချယ်ထားသည့် ကမ္ဘာကျော်ကားသည် Model Year 2016 အတွက် ထုတ်လုပ်ထားသည့် Ford ၏ နာမည်ကျော် Escape Compact Crossover SUV ပင်ဖြစ်ပါသည်.။ ၎င်းမှာ Midsize SUV လောကတွင် အထူးထင်ရှားသည့် Model ဖြစ်ပြီး Ford Focus ၏ Platform အား အခြေခံကာ ဖန်တီးထားပါသည်.။ 2016 အတွက် ထုတ်လုပ်ထားသည့် Ford Escape သည် ပါဝင်မှုအသစ်များ မိတ်ဆက်ထည့်သွင်းထားခြင်း၊ ဒီဇိုင်းအနည်းငယ်ပြောင်းလဲထားခြင်းတို့ကို ပြုလုပ်ထားပြီး Escape ၏ အစဉ်အလာဖြစ်သည့် ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်ခြင်း၊ ဆီစားသက်သာပြီး စွမ်းအားမြင့်မားသည့် အင်ဂျင်စနစ်ရှိခြင်း၊ ကျယ်ဝန်းသပ်ရပ်သည့် အတွင်းခန်းဖွဲ့စည်းမှု စသည်တို့ကိုလည်း ယခု 2016 Escape တွင် တွေ့မြင်ရမည် ဖြစ်ပါသည်.။

esp16_int_3_1400-500x200

 

2016 Ford Escape သည် ခရီးသည် ၅ ယောက်စီး Compact Crossover SUV ကားအမျိုးအစားကားဖြစ်ပြီး အတွင်း ပါဝင်မှုများအပေါ် မူတည်ကာ S/SE/Titanium ဟူ၍ Grade ၃ မျိုး၊ ခွဲခြားထားပါသည်.။ Entry-level ဖြစ်သည့် S Grade တွင် အဓိကအားဖြင့် Blindspot Mirror, My Key parental control, Keyless entry, Cruise Control, Height-adjustable driver seat, 4.2 inch central display, Rearview camera, Applink Smart-phone integration, Bluetooth phone and audio, 6-speaker sound system with CD player, USB port စသည်တို့ ပါဝင်သည်.။ Upgrade Grade ဖြစ်သည့် SE Grade တွင်မူ ထပ်မံ၍ 17 inch alloy wheel, Automatic headlights နှင်းခွဲမီးများ၊ Rear privacy glass, 8-way power driver seat, Satellite radio စသည့် ပါဝင်မှုများ ဖြည့်စွက်ထည့်သွင်းထားပါသည်.။ SE Grade တွင် အပိုဆောင်းပါဝင်မှု Optional အနေဖြင့် Convenience Package အားထည့်သွင်းထားပြီး ၎င်းတွင် အဓိကားအားဖြင့် Rear parking sensors, Roof rails, Dual-zone automatic climate control, 110 volt household-style power outlet, sync 3 technology interface include 8-inch touchscreen, 9-speaker sound system with dual USB port, Leather upholstery and heated front seats, Heated front seats, heated windshield wiper, power liftgate, remote ignition စသည်တို့အား မှာယူနိုင်ပါမည်.။ Escape တွင် အမြင့်ဆုံး Grade ဖြစ်သည့် Titanium Grade တွင်မူ အဓိကအားဖြင့် Exclusive foot sensor for power liftgate, Ambient interior lighting, 8-way power passenger seat, Driver memory setting, Auto-dimming rearview mirror, စပီကာ ၁၀ လုံးပါ sony အမျိုးအစား အသံစနစ်၊ HD Radio စသည်တို့ကို ထည့်သွင်းထားပါသည်.။ Titanium Grade တွင် အပိုဆောင်းပါဝင်မှုအား Technology Package အနေဖြင့် မှာယူနိုင်ပြီး ၎င်းတွင် Xenon ရှေ့မီးကြီးများ၊ Blindspot monitoring, Rear cross-traffic alert, Automatic wipers, self-parking system, panoramic sunroof, Navigation system စသည်တို့ ပါဝင်ပါသည်.။ Ford Escape ၏ Cargo Space သည် ပုံမှန်အားဖြင့် 34.3 Cubic Feet ခန့်ကျယ်ဝန်းပြီး ဒုတိယခုံတန်းအား ခေါက်သိမ်းလိုက်ပါက အကျယ် 68.1 Cubic Feet ခန့် ကျယ်ဝန်းမှု ရရှိနိုင်မည်ဖြစ်ပါသည်.။

 

2016 Ford Escape တွင် အင်ဂျင်အမျိုးအစား ၃ မျိုး ခွဲခြားထားပါသည်.။ S Grade တွင် 2.5L l4 Engine, 168 hp အင်ဂျင်စနစ်ကို အသုံးပြုထားပါသည်.။ SE/Titanium Grade များတွင် 1.6L Turbocharged l4 Engine, 178 hp အင်ဂျင်စနစ်ကို အသုံးပြုထားပါသည်.။ Performance အနေဖြင့် 0 to 60 mph ကို 8.7 seconds ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါသည်.။ ထို့အပြင် SE/Titanium Grade များတွင် Optional အနေဖြင့် 2.0L Turbocharged l4 Engine, 240 hp အင်ဂျင်စနစ်ကို တပ်ဆင်ထားပါသည်.။ ၎င်းသည် Performance အနေဖြင့် 0 to 60 mph အား 7.0 seconds ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါသည်.။ Ford Escape တွင် Gear Box အနေဖြင့် 6-speed automatic transmission အား တပ်ဆင်ထားပါသည်.။ ထို့အပြင် အလေးချိန်အားဖြင့် 3,500 lbs ခန့် ရှိပါသည်.။

 

2016 Ford Escape တွင် Safety အနေဖြင့် အဆင့်မြင့်လုံခြုံရေးစနစ်များဖြစ်ကြသည့် Anti-lock disc brakes, Traction and stability control, Fully airbags system, Ford’s My Key, Rearview camera, Blindspot warning system, Cross-traffic alerts စသည်တို့ ပါဝင်ပါသည်.။

 

2016 Ford Escape ကို US Market တွင် US $ 24,282 ခန့်ဖြင့် ရောင်းချမည်ဖြစ်ပြီး Optional Packages များအပေါ်မူတည်ကာ ဈေးနှုန်းများ ပြောင်းလဲမည်ဖြစ်ပါသည်.။ ဈေးကွက်အတွင်း၌ ၎င်း၏ အခြားသောပြိုင်ဘက် Brands များမှာ 2016 Mazda CX-5, 2016 Honda CR-V, 2016 Hyundai Santa Fe Sport စသည်တို့ ဖြစ်ကြသည်.။ နိဂုံးချုပ်အားဖြင့် Ford  ၏နာမည်ကျော် Compact Crossover SUV ဖြစ်သည့် 2016 ထုတ် Ford Escape အား စီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျား.။

 

မျိုးမင်းသာ (Hana Victory)

www.carsdb.com

No. 1 Car Site in Myanmar

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App