Expire Date ကျော်လွန် နေသည့် ကားတာယာများကို ဆက်လက်တပ်ဆင် မသုံးသင့်ဟုဆို

Expire Date ကျော်လွန်နေသည့် ကားတာယာများကို ဆက်လက် တပ်ဆင် အသုံးပြုပါက အန္တရာယ် ကြီးမားကြောင်း ‘Myanmar Motor Corporate မှ Engineer ဦးဆန်းဦးက ပြောသည်။

profile-tyre

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း သို့ပြည်ပမှ တင်သွင်းလာသော တစ်ပတ်ရစ်ကားများ ၀င်ရောက် လျက်ရှိရာ ထိုကားများတွင် ပါရှိသည့် တာယာများ၏ Expire Date ကို စစ်ဆေးပြီးမှသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့အတူ လက်ရှိ မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် ကားများ၏ တာယာများမှာလည်း Expire Date ပါရှိပြီး တာယာသက်တမ်း အတွင်းသာ အသုံးပြုသင့်သလို မော်တော်ကား တာယာတစ်လုံး၏ သက်တမ်းမှာ အများဆုံး နှစ်(၂၀) အတွင်းသာ အသုံးပြုသင့်ကြောင်း သိရသည်။
တာယာတစ်လုံးရဲ့ သက်တမ်းက လွန်ရော၊ကျွံရော ၂ နှစ်ပဲ သုံးသင့်တယ်၊ ကားတာယာတွေ မှာလည်း အစားအသောက်၊ အသုံးအဆောင် ပစ္စည်းတွေလို Expire Date ဆိုတာ ပါရှိတယ်၊ အဓိက ကတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတွေမှာပါတဲ့ တာယာတွေပဲ၊ မြန်မာနိုင်ငံကို ရောက်လာချိန်မှာ တာယာတွေရဲ့ ပန်းတွေက ကောင်းသေးတယ် ဆိုပြီး မြန်မာလူမျိုးပီပီ နှမြောပြီး သုံးကြတယ်၊ နှမြောပြီးသုံးတာက ကုန်ကျစရိတ် သက်သာသွားတာပဲရှိတယ်၊ အန္တရာယ် အများကြီးရှိတယ်၊ ကားတစ်စီးက အင်ဂျင်သံမှန်နေရုံနဲ့ မပြီးဘူး၊ တာယာတွေရဲ့ အစိတ်အပိုင်းက ပိုပြီး အဓိကကြတယ်၊ ဟိုင်းဝေးသွားပြီး တာယာမကောင်းလို့ လမ်းချော်တာ၊ ဘီးပေါက်တာတွေ မဖြစ်ရအောင် တာယာရဲ့ ဘေးမှာပါတဲ့ ညွှန်းဆိုချက်တွေ၊ Expire Date တွေကို ဂရုစိုက် သင့်ပါတယ်”ဟု Myanmar Motor Corporated မှ Chief Engineer ဦးဆန်းဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုနေသော ကားတာယာများကို အရည်အသွေး ပြည့်မီစေရန်အတွက် လိုင်စင်လျှောက်ထားကာ တင်သွင်းစေခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တာယာတင်သွင်း ရောင်းချသူများ ထံမှသိရသည်။

 

Ref: Automobile

Latest News

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »
Download Android App