မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၌ အီလက်ထရွန်းနစ် ကားလက်မှတ်စနစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိ

မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၌ လက်ရှိအသုံးပြုနေသည့် ယာဉ်စီးနင်းခ တောင်းခံခြင်းစနစ်တွင် အီလက်ထရွန်းနစ် ကားလက်မှတ်(e-ticket)စနစ် အသုံးပြုနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။


Electronic-Car-Payment


အဆိုပါ E-ticket စနစ်မှာ i-Pay ကဲ့သို့ ကြိုတင်ငွေပေးကတ် စနစ်တစ်မျိုးဖြစ်ပြီး မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၌ လတ်တလောကြုံတွေ့နေရသည့် အကြွေရှားပါး မှု နှင့် ယာဉ်စီးခ ပိုတောင်းခြင်း ပြဿနာများ လျော့ပါးစေရန် ရည်ရွယ်စီစဉ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရွန်းနစ် လက်မှတ်စနစ် ကျင့်သုံးနိုင်ရန် သက်ဆိုင် ရာဌာန များနှင့် ရင်းနှီးမြှုပ်နှံသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ “ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် စပယ်ယာနဲ့ ခရီးသည် စကားများတာ လျော့နိုင်မယ်၊ ညဘက် ယာဉ်စီးခ ပိုတောင်းတာတွေလည်း မဖြစ်နိုင်တော့ဘူး၊ နောက်ဆုံးကျွန်တော်တို့ဆီ တိုင်စာတွေရောက်တာလည်း နည်းသွားပြီး ဖြေရှင်းရတဲ့ ရာခိုင်နှုန်းလည်း နည်းသွားမယ် ထင်ပါတယ်”ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ န-အငခုနအ စနစ် စတင်ကျင့်သုံးပါက ယာဉ်လိုင်း အသီးသီးတွင် လက်မှတ်စစ်များ ခန့်အပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ် ပြောင်းလဲရန် လာရောက်ဆွေးနွေးသည့် ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင် နည်းပါးနေသေးကြောင်း မထသမှ သတင်းရရှိသည်။


Ref: Automobile

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App