iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို

မြို့တွင်းခရီးသည်တင် ပါရမီယာဉ် လိုင်းများ၌ လက်ရှိ အသုံးပြုလျက် ရှိသည့် ငွေအကြွေအစားထိုး iPay စနစ်မှာ ခရီးသည် အသုံးပြုမှု နည်းပါးခြင်းကြောင့် အရှုံးပေါ် လျက်ရှိနေပြီး ယင်းကြောင့် e-ticket စနစ် ကျင့်သုံးရန် အစီအစဉ်မရှိသေးကြောင်း ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်’မှ သတင်းရရှိသည်။

eTicket_small_web_04

ခရီးသည်တင် ယာဉ်လိုင်းများ၌ ယာဉ်အကူမလိုဘဲ အလိုအလျောက်စက်ဖြင့် လက်မှတ်ဖြတ်ပေးသည့် Electronic လက်မှတ်ဖြတ် e-ticket စနစ် ကျင့်သုံးရန်စီစဉ် လျက်ရှိပြီး မထသလက်အောက်ရှိ ယာဉ်လိုင်းများ၌ e-ticket စနစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ “iPay တုန်းကလည်း ယာဉ်လိုင်းတွေမှာ တပ်ဆင်အသုံး ပြုခဲ့တယ်၊ ဒါပေမဲ့ ခရီးသည်တွေက သိပ်မသုံးကြဘူး၊ အဆင်မပြေတာကြောင့်ရော၊ ယာဉ်အကူ စပယ်ယာတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့်ရောပေါ့၊ ဒါပေမဲ့ အခု နာမည်ကြီးနေတဲ့ e-ticket ကို သုံးဖို့ အစီအစဉ်မရှိသေးဘူး၊ တခြား ယာဉ်လိုင်းတွေမှာ သုံးလို့အဆင်ပြေတယ် ကြားရင်တော့ စဉ်းစားဖြစ်မှာပါ”ဟု ဗန္ဓုလသယ်ယူပို့ ဆောင်ရေး ကုမ္ပဏီလီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ e-ticket စနစ်သည် စက်တွင် လက်မှတ်ကပ်ရုံဖြင့် မော်တော်ယာဉ် စီးနင်းနိုင်သောကြောင့် လက်ရှိဖြစ်ပေါ် နေသော ငွေအကြွေရှားပါးမှု အပြင် စပယ်ယာနှင့် ခရီးသည်အကြား အချင်းများမှုကိုလည်း ရှောင်ရှားနိုင်ကြောင်း၊ ယခုအခါ e-ticket စနစ်ကို မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် တပ်ဆင်အသုံး ပြုမည်ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။


Ref: Automobile

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App