မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ၃၅ လိုင်းမှာ မီနီဘတ်စ်ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ယာဉ် လိုင်း ၃၅ လိုင်းတွင် မီနီဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲမှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(ဗပိာု)’မှ သိရသည်။


bagan_transport_pickup


အဆိုပါ ယာဉ်လိုင်း ၄၆ လိုင်းအနက် ကျန်ရှိနေသည့်ယာဉ်လိုင်း ၁၁ လိုင်းတွင်မူ အခြားယာဉ်လိုင်းမှ ကားများဖြင့် ဖြည့်စွက်ပြေးဆွဲသွားမည် ဖြစ်ပြီးမည်သည့် ယာဉ်လိုင်း များဖြင့် ပြေးဆွဲမည်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရှိရသည်။ “မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းစလုံးကို တခြားကားတွေနဲ့ အစားထိုးပြေးဆွဲမှာပါ၊ အခုထိ တော့ ၃၅ လိုင်းအထိ အစားထိုးပြေးဆွဲနေပြီး ကျန်တဲ့လိုင်းတွေမှာလည်း မကြာခင်ပဲ အစားထိုး ပြေးဆွဲသွားမှာပါ၊ မီနီဘတ်စ်၊ ဒါမှမဟုတ် တခြား ကားတွေနဲ့ အစားထိုးဖို့ စီစဉ်နေပါ တယ်၊ သေချာမသတ်မှတ် ရသေးပါဘူး”ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းများ၌ ယခင်ကပြေးဆွဲခဲ့ သော ပိာုင်းလပ်ယာဉ်များ၏ ယာဉ်စီးခနှုန်းထား အတိုင်းသာ သတ်မှတ်ကောက်ခံရမည် ဖြစ်ပြီး လက်ရှိတွင်မူ အစားထိုးပြေးဆွဲလျက်ရှိသော မီနီဘတ်စ်ယာဉ်လိုင်းအချို့၌ ဒီဇယ်ဆီဖြင့် ပြေးဆွဲရမှုကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းများရှိနေသဖြင့် ယင်းယာဉ်များအား ပြေးဆွဲမှု ယာယီရပ်နားခိုင်းထားကာ CNG ရရှိမှသာ ပြန်လည်ပြေးဆွဲခွင့် ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

Latest News

အ​ကောက်​ခွန်​ဒဏ်​​ကြေးမှာ မတ်​လ ၁၁...

Atwnov8car 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်​ပမှတင်​သွင်းလာ​သော ကားများကို အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်းအရ ဒဏ်​​ကြေးသတ်​မှတ်​ခြင်းကို မတ်​လ ၁၁...

Read more »

YBS အများပိုင်​ယာဉ်​လိုင်း စနစ်​ ၁...

Ybs 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ခရီးသည်​တင်​ လိုင်းကားများကို YBS အများပိုင်​ယာဉ်​လိုင်း စနစ်​...

Read more »

၁၉၉၅ မော်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို...

Transportation driving yangon 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​နေ​​သော ၁၉၉၅ မေယ်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ...

Read more »

မီးလောင်မှုပြဿနာများကိုကြုံတွေ့ပြီးနောက် ဒေါ်လာ ၄...

170215105927 lamborghini venenos recall car 780x439

ကားဝါသနာရှင်တိုင်း အသဲစွဲ အူးလှိုက်သဲလှိုက် မျက်စိကျကြတဲ့ Super ကားနဲ့ ပြိုင်ကားတွေသာ ထုတ်လုပ်တဲ့ အီတလီကားကုမ္မဏီတစ်ခုဖြစ်တဲ့ Lamborghini ဟာ...

Read more »

ပြိုင်​ကားဟု သတ်​မှတ်​ထားသည့်...

Sport type car1 150x150

ပြိုင်​ကားအဖြစ်​သတ်​မှတ်​ထား​သော ပြိုင်​ကားအုပ်​စုတွင်​ပါဝင်​​နေ​သော ကားများကို တင်​သွင်းခွင့်ပြုသွားမည်​မဟုတ်​​ကြောင်း စီးပွား​ရေးနှင့်...

Read more »
Download Android App