ရန်ကုန်ကားဈေးကွက်အခြေအနေ

ရန်ကုန်ကားဈေးကွက်တွင် ပွင့်လင်းရာသီရောက်ရှိလာခဲ့သော်လည်း ကားဈေးကွက် ကောင်းမွန်လာကြခြင်းမရှိဘဲ ဈေးကွက်အေးစက်ကာ ဈေးနှုန်းများကျဆင်းလာခဲ့သည်။ ဈေးကွက်အတွင်းတွင် ၁၃၀၀ စီစီ ကားများနှင့် စလစ်ကပ်ကားများမှာ ကားအမျိုးအစားအလိုက် ကျပ် ၃ သိန်းမှ ၁၀ သိန်းအထိ ဈေးကျလာခဲ့သည်။ စလစ်ဈေးများ အပြောင်းအလဲများပြားနေပြီး ကားဈေးကွက်မတည်မငြိမ်ဖြစ်နေခြင်း ဖြစ်သည်။

7408509744_1c0dcc5c60 (1)

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ၁၃၀၀ စီစီ ကားများထဲတွင် Probox ၊ Succeed ကားများမှာ ဈေးကွက်အတွင်း အနည်းငယ်အရောင်းအဝယ်ဖြစ်နေပြီး Honda Fit(GE6) စသည့်ကားများမှာ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး 4WD စသော အမြင့်ကားများထဲတွင် စလစ်ကပ်ကားများနှင့် Hilux Surf ၊ Prado စသော ကားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဝယ်လိုအားနည်းနေပြီး ရောင်းလိုအား များပြားလျက်ရှိရာတွင် ဝယ်သူစိတ်ကြိုက်နှင့် ဝယ်သူပြောဈေးကိုသာ ကြည့်ရောင်းနေရကြောင်း သိရသည်။

ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အေးသွားကြောင်း ဝယ်ရောင်းကြီးတစ်ဦးထံမှ သိရှိရသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ၁၃၀၀ စီစီကားများနှင့် 4WD ကားများမှာ အရောင်းအဝယ်အေးစက်နေပြီး ကားဈေးနှုန်းမှာလည်း ကျပ်လေးသိန်းနှင့် ငါးသိန်းကြား ကျဆင်းသွားကြောင်း ဝယ်ရောင်း တစ်ဦးမှ ပြောကြားသည်။

ဈေးကွက်အတွင်း အမြင့်ကားများနှင့် ၁၃၀၀ စီစီ ကားများမှာ အရောင်းအဝယ်အေးနေသော်လည်း ၂၀၁၄ တွင် သက်တမ်းနှစ် ၂၀ ကျော် ကားများကို အပ်ခံမည်ဆိုသော သတင်းများထွက်ပေါ်လာမှုကြောင့် က တန်းများမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

လက်ရှိကားဈေးကွက်တွင် စလစ်ဈေးများတည်ငြိမ်မှုမရှိပဲ မနက်ဈေး၊ ညနေဈေးများဖြစ်ပေါ်နေသည်။ နိုဝင်ဘာ ၄ ရက်တွင် အမည်ပေါက်စလစ်ဈေး ကျပ် ၉၄၊ ၉၅ သိန်းရှိခဲ့သော်လည်း နိုဝင်ဘာ ၅ တွင် မနက်ခင်းဈေး ကျပ် သိန်း ၁၀၀၊ နေ့လည်ခင်းတွင် ၁၀၁ သိန်း၊ ၁၀၂ သိန်း၊ ၁၀၃ သိန်းထိဈေးပေါက်ခဲ့ကာ ညနေတွင် ၁၀၄ သိန်းထိဈေးပေါက်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာ ၆ ရက်တွင်မူ ၁၀၄၊ ၁၀၅ သိန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေခဲ့ကြောင်း သိရှိရသည်။ စလစ်ဈေးကွက်မတည်ငြိမ်သောကြောင့် အပ်ကားဈေးကွက်မှာလည်းမတည်မငြိမ်ဖြစ်လာကာ ကားဝယ်လိုမှုလျော့ကျကာ စလစ်လိုသည့်အချိန်မှ ဝယ်ယူမှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

Auto Mobile Journal မှကူးယူဖော်ပြသည်။

Photo Credit by Stefan Munder

Latest News

အ​ကောက်​ခွန်​ဒဏ်​​ကြေးမှာ မတ်​လ ၁၁...

Atwnov8car 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်​ပမှတင်​သွင်းလာ​သော ကားများကို အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်းအရ ဒဏ်​​ကြေးသတ်​မှတ်​ခြင်းကို မတ်​လ ၁၁...

Read more »

YBS အများပိုင်​ယာဉ်​လိုင်း စနစ်​ ၁...

Ybs 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ခရီးသည်​တင်​ လိုင်းကားများကို YBS အများပိုင်​ယာဉ်​လိုင်း စနစ်​...

Read more »

၁၉၉၅ မော်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို...

Transportation driving yangon 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​နေ​​သော ၁၉၉၅ မေယ်ဒယ်​အထက်​ ခရီးသည်​တင်​ယာဉ်​များကို တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ...

Read more »

မီးလောင်မှုပြဿနာများကိုကြုံတွေ့ပြီးနောက် ဒေါ်လာ ၄...

170215105927 lamborghini venenos recall car 780x439

ကားဝါသနာရှင်တိုင်း အသဲစွဲ အူးလှိုက်သဲလှိုက် မျက်စိကျကြတဲ့ Super ကားနဲ့ ပြိုင်ကားတွေသာ ထုတ်လုပ်တဲ့ အီတလီကားကုမ္မဏီတစ်ခုဖြစ်တဲ့ Lamborghini ဟာ...

Read more »

ပြိုင်​ကားဟု သတ်​မှတ်​ထားသည့်...

Sport type car1 150x150

ပြိုင်​ကားအဖြစ်​သတ်​မှတ်​ထား​သော ပြိုင်​ကားအုပ်​စုတွင်​ပါဝင်​​နေ​သော ကားများကို တင်​သွင်းခွင့်ပြုသွားမည်​မဟုတ်​​ကြောင်း စီးပွား​ရေးနှင့်...

Read more »
Download Android App