ယာဉ်မတော်တဆမှုများ များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၀င်ခွင့်ပုံစံ ပြောင်းလဲစစ်ဆေးမည်

ခရီးသည်တင်ယာဉ်များ ယာဉ် မတော်တဆဖြစ်ပွားမှု များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ၀င်ခွင့်ပုံစံ ပြောင်းလဲ စစ်ဆေးသွားမည် ဖြစ်ကြောင်း 'မထသ (ဗဟို)'မှ သတင်းရရှိသည်။             2 (2)
ခရီးသည်တင်ယာဉ်များ ယာဉ်မတော်တဆဖြစ်ပွားမှု များသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၀င်ခွင့်ပုံစံများကို ဧပြီ ၁ ရက်မှ စတင်ကာအဆင့်မြှင့်၍ ပြောင်းလဲစစ် ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ "အခုဆိုရင် ယာဉ်မောင်းတွေက အရက်သေစာ သောက်စားပြီး မောင်းနှင်နေတဲ့အတွက် ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတာကို တွေ့ ရတယ်၊ အဲဒီအတွက် သင်တန်းတွေပို့ချပြီး သင်ပေးတယ်၊ ယာဉ်တိုက်မှု လျော့နည်း အောင် ယာဉ်လုပ်သားတွေအတွက် ဟောပြောပွဲတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ တွေးခေါ် မြော်မြင်မှုအပိုင်းမှာ တော်တော်လေး အားနည်းနေတယ်၊ အဲဒီအတွက် စဉ်းစားတွေးခေါ်မှုအပိုင်းတွေကို ပြင်ဆင်ပေးဖို့လိုတယ်"ဟု မထသ (ဗပိာု) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ မထသ(ဗဟို) လက်အောက်ရှိ တာဝန်ထမ်းဆောင်နေသော ယာဉ်လုပ်သားများအတွက် အခြေခံသင်တန်း ၂၇ ကြိမ်နှင့် မွမ်းမံသင်တန်း ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းသားဦးရေ ၆,၃၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်လုပ်သားများအတွက် ၀င်ခွင့် ပုံစံကို အဆင့်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဖြစ်ပြီး ယာဉ်နောက်လိုက် ၀င်ခွင့်မေးခွန်း အခု ငါးဆယ်နှင့် ယာဉ်မောင်းဝင်ခွင့် မေးခွန်း အခု တစ်ရာ ဖြေဆိုရမည် ဖြစ်သည်။ ဖြေဆိုရမည့်ပုံစံမှာ အမှန်၊ အမှား ရွေးချယ်၍ ဖြေဆိုရမည် ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ဖြေဆိုနိုင်မှသာ ၀င်ခွင့်အောင်မည် ဖြစ်ကြောင်း သိရသည်။


 

Ref  ; Automobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App