စက်ပြင်ဆရာ ယာဉ်စမ်းသပ်မောင်းနှင်ရာမှ ယာဉ်ငါးစီးဆင့်တိုက်၊ ခရီးသည်တစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၎

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမကြီးပေါ်ရှိ ရွှေဖီခိုင်ညှာ လမ်းထိပ်တွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်က စက်ချို့ယွင်းနေသော ခရီးသည်တင်မော်တော်ကားတစ်စီးကိုပြင်သည့် စက်ပြင်ဆရာတစ်ဦးမှ စမ်းသပ်မောင်းနှင်ရာမှ အဌားယာဉ်သုံးစီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးတို့ကို ဝင်တိုက်ခဲ့ပြီး အဌားယာဉ်ပေါ်မှ ခရီးသည်တစ်ဦး သေဆုံးကြောင်း တောင်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရဲအုပ်ဇော်နိုင်ဦးမှ ပြောကြားသည်။

Crime Scene

၂၁ အရွယ် စက်ပြင်ဆရာ မောင်းနှင်လာသော ပါရမီ ၁၇၄ ယာဉ်လိုင်းမော်တော်ယာဉ်မှာ ရွှေဖီခိုင်ညှာလမ်းထိပ်တွင် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ အဌားယာဉ် ၃ စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အေဒီဗင် အမျိုးအစား အဌားယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူနေရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ စက်ပြင်ဆရာ ကိုကောင်းမြတ်အား ယာဉ်(ပ) ၃၈/ ၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း တောင်ဥက္ကလာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Ref: The Voice Daily

The Photo Credit by Alan Cleaver

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App