ခရီးသည်တင်ယာဉ်များကို ၂၀၀၉ မိုဒယ်နှင့် အထက်သာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရ ညွှန်ကြား

 

ရန်ကုန်မြို့တော်အတွင်း ခရီးသည် တင်ယာဉ်များအဖြစ် ပြေးဆွဲရန် စီးတီးဘတ်စ်များ အသစ် ထပ်မံတင်သွင်းရာ၌ ၂၀၀၉ မိုဒယ်နှင့်အထက် ယာဉ်များသာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားမှု ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

[caption id="attachment_387522" align="alignnone" width="500"]SAMSUNG DIGIMAX 360 SAMSUNG DIGIMAX 360[/caption]

ခရီးသည်တင်ယာဉ်တွေကို အရင်က ကြိုက်တဲ့မိုဒယ် သွင်းခွင့် ရှိတယ်ဆိုပြီး ခွင့်ပြုထားပေမဲ့ ဒီနှစ်ကစပြီး အသစ်သွင်းမယ့် ခရီးသည်တင်ယာဉ်တွေကို ၂၀၀၉ မိုဒယ် အနိမ့်ဆုံးထားပြီး တင်သွင်းရမယ်လို့ ညွှန်ကြားထားတယ်၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ လတ်တလော မှာထားတဲ့ယာဉ်တွေကို ဆက်သွင်းခွင့်ပြုမယ်၊ အသစ်သွင်းမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ မိုဒယ်ပဲ တင်သွင်းခွင့် ပြုတော့မှာပါဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ပြည်တွင်း၌ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်ကို ပြောင်းလဲခဲ့ပြီး ခရီးသည်တင်ယာဉ် စစ်ကျန်ဘတ်စ်များ နေရာတွင် ပြည်ပခရီးသည်တင်ယာဉ် စီးတီးဘတ်စ်များ အစားထိုး တင်သွင်းပြေးဆွဲခဲ့ကြကာ ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်မို ဒယ်များဖြင့် တင်သွင်းပြေးဆွဲခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

Latest News

နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​...

Taxi 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့်ေ​​​​ပြးဆွဲ​နေ​သော အဌားယာဉ်​ (Taxi )​အစီး​ရေကို ထိန်းချူ ပ်​နိုင်​ရန်​ ပထမအဆင့်...

Read more »

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော...

Suzuki super carry toyota hilux yangon 150x150

မော်ေ​တာ်​ယာဉ်​များတွင်​ တပ်​ဆင်​​သော ​ဖောင်းကြွနံပါတ်​ပြား ​ပျောက်​ဆုံးခြင်းကို သတင်းစာ​ကြေငြာထည့်​သွင်းရန်​ မလို​​တော့​ကြောင်း...

Read more »

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး ​အာမခံ​ကြေး...

Download 150x150

မတ်​လ ၁ ရက်​မှစ၍ ယာဉ်​သက်​တမ်းတိုး​အာမခံ​ကြေး​ပေး​ဆောင်​ခြင်းကို ​တောင်​ဒဂုံကညနရုံးနှင့် ထောက်​ကြန့်​ရုံးများတွင်​ ​...

Read more »

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »
Download Android App