ဆိုင်သိမ်းချိန်ဓားပြတိုက်ရန် ရောက်လာသူများ၏ကားကို ဘာဂါကင်းဝန်ထမ်းက ဝှက်ထားခဲ့

ကားတစ်စီးကို ဝှက်ထားခဲ့ကြောင်း ဝန်ခံသော်လည်း ရဲအရာရှိများက ကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦးကို အရေးယူ၍ မရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

burger_king

မေလ(၂၆)ရက်နေ့က ကယ်လီဖိုးနီယားရှိ စတော့တန်မြို့တွင် ဖွင့်လှစ်ထားသော ဘာဂါကင်း အသင့်စားဆိုင်တစ်ဆိုင်သို့ လူတစ်စုဝင်ရောက်လာပြီး ကောင်တာမှ ဆိုင်ဝန်ထမ်းကို ရှိသမျှပိုက်ဆံထုတ်ပေးရန် သေနတ်နှင့်ချိန်၍တောင်းခဲ့သည်ဟု ဆိုသည်။ ဆိုင်သိမ်းချိန်တွင် ဓားပြတိုက်ရန် ဝင်လာသူနှစ်ဦးမှာ ပိုက်ဆံရရှိရန် အလုပ်များနေစဉ် ဆိုင်ဝန်ထမ်းတစ်ဦးက ကားပါကင်အတွင်းရှိစက်နှိုးလျက် ထား,ထားသော ကားတစ်စီးကိုသတိထားမိသဖြင့် ဆိုင်ထဲမှတိတ်တဆိတ်ထွက်လာကာ အဆိုပါကားကို ဓားပြများမတွေ့နိုင်သည့်နေရာသို့ ဝှက်ထားခဲ့သည်။ ၎င်း၏ရည်ရွယ်ချက်မှာ ဓားပြများ ဝေးဝေးမပြေးနိုင်စေရန် ဖြစ်သည်။

ဓားပြတိုက်ပြီးနောက် ဆိုင်ပြင်သို့ထွက်လာသူများသည် ကားကိုရှာမတွေ့သောအခါ အနီးရှိလယ်ကွင်းတစ်ခုထဲတွင် အပြေးအလွှားပုန်းအောင်းခဲ့ကြသည်။ ဓားပြတိုက်မှုကို ရဲသို့တိုင်ကြားပြီးနောက်တွင် ရဲများက ဘာဂါကင်းဝန်ထမ်းများကို စစ်ဆေးမေးမြန်းခဲ့ကြသည်။ ယခုအခါရဲဘက်က အဆိုပါဓားပြနှစ်ဦးကို ဖမ်းမိသွားပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးကို လက်နက်ကိုင်ဆောင်လုယက်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။

 

Auto World journal မှကူးယူဖော်ပြသည်။

Photo Credits to ell brown

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App