ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်အတွင်း တည်ဆောက် ထားသည့် ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအား အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန’မှ သတင်းရရှိသည်။

Cntainer

အဆိုပါ မော်တော်ယာဉ် ရပ်နားစခန်းအား ၂၀၁၃ ခုနှစ် အစောပိုင်း ကာလတွင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအဖြစ် အသုံးပြုရန် အမှတ် ၆ သင်္ဘောဝင်း မြေနေရာကို ပြုပြင်အသုံးပြုခဲ့ပြီး လက်ရှိ ယင်းနေရာအား ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်ဖို့ အတွက် စီစဉ်နေတာတော့ လေးလလောက်ရှိနေပြီ၊ လောလောဆယ်မှာတော့ မြေကြီးညှိတုန်းပဲ ရှိသေးတယ်၊ လတ်တလော အနေနဲ့တော့ တည်ဆောက်ရေး လုပ်ငန်းတွေ မစနိုင်သေးဘူး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စဖြစ်မယ်”ဟု စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးက ဆိုသည်။ ယင်းသို့ အဆင့်မြှင့် တင်ဆောင်ရွက်ရန် စီစဉ်မှုများကြောင့် လက်ရှိတွင် ဗိုလ်တထောင် ကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်းမှ ယာဉ်များအနေဖြင့် အလုံမြို့နယ်ရှိ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များ ရပ်နားကြရပြီး ယာဉ်အများစုမှာ အလုံယာဉ်ရပ်နားစခန်းသို့ သွားရောက် ရပ်နားခြင်း မပြုဘဲ ဗိုလ်တထောင် ယာဉ်ရပ်နားဝင်း အနီးရှိ လမ်းမများ၊ လမ်းသွယ်များ၌ ရပ်နားမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Ref: Auto mobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App