Detroit Auto Show 2015 မှ အမိုက်စားကား (24) စီး

နှစ်စဉ် January လမှာ ကျင်းပမြဲဖြစ်တဲ့အတိုင်း ဒီနှစ်မှာလဲ North American International Auto Show (NAIAS) ကို ကျင်းပခဲ့ပါတယ်.။ Detroit Auto Show လို့ လူသိများတဲ့ ဒီကားပြပွဲကြီးမှာ Audi, BMW, Chevrolet, GM, Marcedes, Honda အစရှိတဲ့ ကမ္ဘာကျော် ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများမှ နည်းပညာမြင့်ကားများစွာကို ပွဲထုတ်ပြသရာလည်းဖြစ်ပါတယ်.။ ယခုကျင်းပခဲ့တဲ့ 2015 ခုနှစ် ပြပွဲမှာ ပြသခဲ့သမျှကားတွေထဲက အမိုက်စားကား (24) စီးကို MyanmarCarsDB ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်.။

Acura NSX (သို့) Honda NSX ဟာ hybrid ကားတစ်စီးဖြစ်ပြီး 3.5-liter V6 အင်ဂျင်ကို လျှပ်စစ်မော်တာ (၃) လုံးနဲ့ ပူးတွဲတပ်ဆင်ထားပါတယ်.။

nsx-500x375


Sport ကားပုံစံ ဒီဇိုင်းထွင်ထားတဲ့ infiniti Q60 ဟာ ဂျပန်တို့ရဲ့ Luxury ကားပီသစွာ ခန့်ညားလှပပါတယ်.။

q60-500x375


Lexus ရဲ့ GS-F ကတော့ BMW M5 ရဲ့ ပြိုင်ဘက်ပါပဲ.။ 5.0-liter V8 အင်ဂျင်အသုံးပြုထားပြီး မြင်းကောင်ရေ 467 ကောင်အား မောင်းနှင်နိုင်ပါတယ်.။

GS-F-500x375


BMW ရဲ့ 3 series, Marcedes ရဲ့ C Class နဲ့ Audi ရဲ့ A4 တို့နဲ့ ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့တဲ့ XE ဟာ Jaguar ရဲ့ ပထမဆုံး Luxury ကားဖြစ်လာပြီး 2016 ခုနှစ်မှာ စတင်ရောင်းချမှာပါ.။

xe-500x375


Jaguar ရဲ့ F-Pace SUV ဟာလဲ ပြပွဲမှာ သတင်းကြီးခဲ့ပြီး CX-17 လို့ခေါ်တဲ့ Design Concept နဲ့ ထုတ်လုပ်ထားတာတွေ့ရပါတယ်.။

J-SUV-500x375


နာမည်ကြီး Ford-GT ဟာ V8 အင်ဂျင်ကို စွန့်လွှတ်ပြီး၊ 3.5-liter Ecoboost V6 အင်ဂျင်ကို အသုံးပြုထားပါတယ်.။ မြင်းကောင်ရေ 600 အားဖြစ်ပါတယ်.။

ford-gt-500x374


Ford ရဲ့ F-series pickups ကားတွေရဲ့ နောက်ဆုံးမော်ဒယ် SVT Raptor ဟာလဲ Ecoboost V6 အင်ဂျင်ကို အသုံးပြုထားပါတယ်.။

rvt-500x375


လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ Model X ဖြစ်ပါတယ်.။ 0-60 mph ကို 4.4 seconds အတွင်း သွားနိုင်တဲ့ ဒီ လျှပ်စစ်ကားဟာ အားအပြည့်သွင်းထားရင် 85 KW အတွက် 270 မိုင်အထိ သွားနိုင်ပါတယ်.။

modelx-500x375


Chevrolet ကလဲ လျှပ်စစ်ကားအမျိုးအစားတစ်မျိုးဖြစ်တဲ့ Bolt EV ကိုမိတ်ဆက်ပေးခဲ့ပါတယ်.။ အားအပြည့်သွင်းထားရင် မိုင် 200 ထိရောက်ရှိနိုင်ပြီး $30,000 ကျသင့်မှာဖြစ်ပါတယ်.။

Bolt-EV-500x374


Chevrolet ဟာ သူ့ရဲ့ Hybrid ကား Volt ကိုလဲ မိတ်ဆက်ပေးခဲ့ပါသေးတယ်.။

volt-500x375


Lincoln ရဲ့ SUV ဖြစ်တဲ့ MKX SUV ဟာ MKX Concept အတိုင်း ထုတ်လုပ်ထားတာကိုလဲ တွေ့ရပါတယ်.။

mkx-suv-500x375


Range Rover ကထုတ်ပြန်တဲ့ Announcement တစ်ခုမှာ အားလုံးစောင့်မျှော်နေတဲ့ ဒီဇယ်အင်ဂျင် ကားတစ်စီး ရောက်ရှိလာပါပြီ လို့ဖော်ပြထားတဲ့အတိုင်း 3.0-liter turbo diesel အင်ဂျင်ကိုအသုံးပြုထားတဲ့ မြင်းကောင်ရေ 254 ကောင်အား ကားတစ်စီးဖြစ်ပါတယ်.။

rangerover-500x332


GM ရဲ့ Cascada Sport type ကားဖြစ်ပါတယ်.။

cascada-500x333


Avenir Concept ကို Buick က စတင်မိတ်ဆက်ခဲ့ပါတယ်.။ ပုံမှန်ဒီဇိုင်း Buick ကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်.။

buick-500x333


Cadillac CTS-V ဟာ Cadillac ကားမော်ဒယ်တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး မြင်းကောင်ရေ 640 အား V8 အင်ဂျင်ကို အသုံးပြုထားပါတယ်.။ 0-60 mph ကို 3.7 seconds အတွင်းရောက်ရှိနိုင်ပြီး Top Speed ကတော့ 200 mph ဖြစ်ပါတယ်.။

Cts-v-500x333


Volvo S60 Cross Country ဟာ Subaru ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Volvo ရဲ့ အိမ်စီးကားတစ်မျိုး ဖြစ်ပါတယ်.။

volvo-500x287


Marcedes ရဲ့ GLE ဟာ sports ultility coupe ဖြစ်ပြီး BMW x6 ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်တာဖြစ်ပါတယ်.။

gle-500x330


Audi ရဲ့ virtual cockpit ပါဝင်မယ့် Q7 ဟာ SUV အမျိုးအစားကားတစ်စီးဖြစ်ပြီး Hybrid version နဲ့လဲ ရနိုင်မှာဖြစ်ပါတယ်.။

q7-500x375


Nissan ရဲ့ Titan ဟာ pickups လောကမှာ ဆရာတပါးဖြစ်ပြီး ထွက်ပေါ်လာတဲ့ မော်ဒယ်အသစ်ဟာ အခြား pickup တွေကို ခြောက်ခြားစေမှာဖြစ်ပါတယ်.။

titan-500x332


Toyota Tacoma ဟာလဲ နောက်ထပ် Truck Pickup အမျိုးအစားကားတစ်စီးဖြစ်ပါတယ်.။ Facelift နဲ့ Upgrade တွေကြောင့် Colorado နဲ့ Canyon တွေကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်.။

tacoma-500x333


Volkswagen Cross Coupe GTE ဟာ hybrid ကားတစ်စီးဖြစ်ပြီး နောက်နှစ်မှာထုတ်မယ့် VW ရဲ့ 7 ယောက်စီး SUV ရဲ့ ရှေ့ပြေးဒီဇိုင်းဖြစ်ပါတယ်.။

gte-500x333


ဈေးကွက်ထဲမှာ အသံအကောင်းဆုံး အင်ဂျင်ဖြစ်တဲ့ V8 အင်ဂျင်တပ်ဆင်ထားတဲ့ Shelby ရဲ့ GT350R ဟာ Ford-GT လိုပဲ Sport Type ကားတစ်စီးဖြစ်ပါတယ်.။

gt350r-500x333


BMW ဟာ အရောင်းသွက်နေတဲ့ 6 series ရဲ့ နောက်ဆုံးမော်ဒယ်အဖြစ် 2015 မော်ဒယ်ကို ထပ်မံပြသခဲ့ပါတယ်.။

6-500x333


Alfa Romeo ဟာလဲ 2015 မှာ 4C Spider ကို ပွဲထုတ်ခဲ့ပါတယ်.။ မြင်းကောင်ရေ 237 ကောင်အား 1.7 liter ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကိုအသုံးပြုထားတဲ့ 4C Spider ဟာ 0-62mph ကို 4.5 seconds အတွင်းရောက်ရှိနိုင်မှာဖြစ်ပါတယ်.။

 

alfa-500x383


Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App