BRT ယာဉ်မောင်းများကို လစာကျပ်လေးသိန်းခွဲဖြင့် ခန့်မည်

ရန်ကုန်မြို့တွင်းပြေးဆွဲမည့်  BRT (အမြန် သယ်ယူပို့ဆောင်ရေးစနစ်) တွင် ယာဉ်မောင်းများကို တစ်လလျှင် လစာကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။164041670_832d7c885a

လက်ရှိတွင် အဆိုပါယာဉ်လိုင်းမှ အမေရိကန်ဒေါ်လာ ခုနစ်မီလီယံခန့် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြုချက်များ တင်ပြထားကြောင်း သိရသည်။ ယင်းအပြင် အဆိုပါကုမ္ပဏီမှ ဗဟိုထိန်းသိမ်းရေးစနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ခန့်၊ ယာဉ်ထိန်းဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှုဌာနအတွက် ကျပ် ၁၀၈သိန်း၊ သတ်မှတ်လမ်းကြောင်း ထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၂၀ဝခန့်၊ Station ၃၉ ခုအတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ်ကုမ္ပဏီမှ ကုန်ကျမည့် ငွေကြေးများဖြစ်ကြောင်းနှင့် ကုမ္ပဏီ၏ ဝင်ငွေခွန်များကိုလည်း ပေးဆောင်ထားပြီးဖြစ်ကြောင်း ယင်းက ရှင်းလင်းပြောသည်။

အဆိုပါယာဉ်လိုင်းယာဉ်အစီးရေ ၈ဝ ဖြင့် ပြေးဆွဲရန်စီစဉ်ထားပြီး ယင်းစနစ်ကျင့်သုံးရန် အသင့်တော်ဆုံးလမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော်အစိုးရမှ ချမှတ်ပေးထားပြီး ယင်းလမ်းကြောင်းလေးခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။

BRT (အမြန်သယ်ယူပို့ ဆောင်ရေးစနစ်)အား နိုင်ငံပေါင်း ၃၆နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄ မြို့ တွင် အောင်မြင်စွာကျင့်သုံးနေပြီး BRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့်နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ်တစ်ဝက်တစ်ပြက်ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာလှိုင်းယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ်ကားများကို ယာဉ်စီးခအနေဖြင့် ကျပ် ၄၀၀ သတ်မှတ်ထားကြောင်းသိရသည်။

Yangon Time Daily မှ ကူးယူဖော်ပြသည်။

Photo credit by Renato

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App