Audi Q3 ရဲ့လျှပ်စစ် ဘုတ်ပြားအရှည် နဲ့ ထူးခြားတဲ့ Concept

2016-audi-q3-connected-mobility-concept-electric-longboard-02

Audi Q3 အနေနဲ့ ထူးခြားတဲ့ concept features တွေနဲ့ ပေကျင်း ကားပြပွဲတွင် မိတ်ဆက်လာခဲ့ပြီး လျှပ်စစ် ဘုတ်ပြားရှည်တစ်ခုကိုလည်း ကားရဲ့ အနောက် Bumper အံဝှက်ထဲတွင် ထည့်သွင်းပါရှိလာပါတယ်။

ထိုလျှပ်စစ် ဘုတ်ပြားဟာ ကာဗွန်ဖိုက်ဘာ နဲ့ အလူမီနီယံကို အသုံးပြုတည်ဆောက်ထားတာဖြစ်ပြီး ကားအနောက်Bumper ကဆွဲထုတ်လိုက်တာနဲ့ အလိုအလျောက်အားပြန်သွင်းမည်ဖြစ်ပြီး အားပြန်ပြည့်တာနဲ့ တစ်နာရီကို ၃၀ ကီလိုမီတာ နှုန်း အမြင့်ဆုံးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ထိုဘုတ်ပြားကိုပဲ အသုံးပြုပြီး ကားရဲ့ infotainment system မှ မောင်းနှင်သူအတွက် ကားလမ်းကြပ်တာနဲ့ ပက်သက်ပြီး သတင်းအချက်အလက်တွေထုတ်ပေးနိုင်တာကြောင့် လိုရာခရီးကို အမြန်ဆုံးလမ်းနဲ့ ရောက်အောင်သွားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကားရပ်နားတဲ့အခါမှာလည်း အနီးဆုံးကားပါကင်နေရာကိုရှာဖွေနိုင်ဖို့လည်း ကူညီပေးပါသေးတယ်။

အစီရင်ခံစာတွေအရ ထိုဘုတ်ပြားရှည်အနေနဲ့ လက်ကိုင်တန်းပါတဲ့ scooter အနေနဲ့ အသုံးချလို့ရသလို လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ပြီး လမ်းကြောင်းတွေကိုလည်းကြည့်လို့ရပါသေးတယ်။ ဒါ့အပြင် ဘုတ်ပြားရဲ့ လက်ကိုင်တန်းတွေကို ခေါက်ပြီး အရှိန်ကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။

ဒီဘုတ်ပြားဟာ cargo mode အနေနဲ့ထားပြီး လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်လိုက်တာနဲ့ ပိုင်ရှင်ရဲ့ နောက်ကို သူ့အလိုလို ထပ်ကြပ်မကွာလိုက်နိုင်တာကြောင့် အခြားကားတွေနဲ့မတူတဲ့ ထူးခြားတဲ့ concept တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Credit - Sam Rawlings

[caption id="attachment_388896" align="alignnone" width="300"]Detail Detail[/caption]

[caption id="attachment_388897" align="alignnone" width="300"]Static photo Static photo[/caption]

[caption id="attachment_388898" align="alignnone" width="300"]Detail Detail[/caption]

[caption id="attachment_388899" align="alignnone" width="300"]Static photo Static photo[/caption]

[caption id="attachment_388900" align="alignnone" width="300"]Static photo Static photo[/caption]

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App