ပြည်ပတွင် အလုပ်လုပ်နေသူများ Email ဖြင့်ကားတင်သွင်းခွင့်လျှောက်ထားနိုင်

ညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ လွန်ခဲ့သော ၆-၁-၂၀၁၂ မှစတင်ကာ ပြည်ပအလုပ်အကိုင်လုပ်နေသူ မြန်မာနိုင်ငံသားများအား ကားတင်သွင်းခွင့်များ လက်ခံဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ အတွက် ၃၀၀၀ ခန့်ချထားသွားမည်ဖြစ်သော ကားတင်သွင်းခွင့်များကို နောက်ဆုံးရရှိသော သတင်းများအရ ၁၀၀၀ ကျော်ခန့်ချထားပြီးပြီလည်း ဖြစ်ပါသည်။

သို့ရာတွင် ပြည်ပတွင်သာရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ရုံးသို့ကိုယ်တိုင်သွားရောက် လျှောက်ထားခြင်းမပြုလုပ်နိုင်ပါက Email ဖြင့်လျှောက်ထားနိုင်မည်ဟု MRTV-4 သတင်းဌာနမှ နောက်ဆုံးသတင်းရရှိခဲ့ပါသည်။ ပို့ရမည့် Email address မှာ g-o-e-dol@myanmar.com.mm ဖြစ်ပြီး ထိုလိပ်စာသို့ ယခင်ဖော်ပြပါ သတင်းစာကြော်ငြာပါ လျှောက်လွှာပုံစံအတိုင်း Email ပို့ကာ လျှောက်ထားရမည်ဖြစ်ပါသည်။

ပြည်တွင်းလျှောက်ထားသူများ အနေနှင့်လည်း FEC 100 ပြန်လည် သွင်းသည့်ကိစ္စနှင့် ပါတ်သက်ကာ အခက်အခဲရှိခဲ့ပါလျှင်လည်း ထို Email သို့ ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ကြောင်း သတင်းရရှိပါသည်။

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App