ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းနိုင်ရန် ဟောင်ကောင် အခြေစိုက်သင်္ဘောလိုင်းမှ ၀န်ဆောင်မှုပေးမည်

ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းရာ၌ အာရှနိုင်ငံများအပြင် ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များပါ တင်သွင်းနိုင်မည့် ၀န်ဆောင်မှုကို ဟောင်ကောင် အခြေစိုက် သင်္ဘောလိုင်းမှ ပေးမည်ဖြစ်ကြောင်း ‘Golden Land Express Limited’ မှ သိရသည်။

Shipper-Line-Cars
လက်ရှိ ပြည်တွင်းသို့ မော်တော်ယာဉ် တင်သွင်းရာ၌ ဂျပန်နှင့် စင်ကာပူကဲ့သို့ အာရှနိုင်ငံများကိုသာ အဓိကထား သယ်ယူပို့ဆောင် ပေးလျက်ရှိပြီး ယခုအခါ Sinor သင်္ဘောလိုင်းမှ ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ တင်သွင်းနိုင်ရန် ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ အခု ဂျပန်၊ စင်ကာပူ၊ ရန်ကုန် ခရီးစဉ်အပြင် ဒီလကုန်မှာ ကိုရီးယား၊ ထိုင်းနဲ့ ဒူဘိုင်းက မော်တော်ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ ဆောင်ရွက်ထားပါတယ်၊ ဆက်ပြီး အမေရိကန်နဲ့  ဥရောပဘက်က ကားတင်သွင်း ချင်သူတွေ အတွက်လည်း ဆောင်ရွက်သွားမှာပါ ဟု Golden Land Express Limited ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဆိုသည်။ Sinor Line သင်္ဘောလိုင်းသည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် သင်္ဘောလိုင်းဖြစ်ကာ မြန်မာနိုင်ငံသို့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ Golden Land Express Limited နှင့် ပူးပေါင်းဆောင်ရွက် ထားကြောင်းနှင့် မြန်မာနိုင်ငံသို့ စတင်ပြေးဆွဲသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ လက်ရှိအချိန်အထိ မော်တော်ယာဉ်အစီးရေ ငါးထောင်ခန့် သယ်ယူပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

 

Ref: Auto mobile

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App