အပ်ကားပိုမိုရှားပါးလာ၍ တိုက်ကြေကားဈေးကွက် ၆၈ သိန်းထိမြင့်လာ


tite kyay slit

အရည်ကြို စလစ်ကပ်ပြီး တင်သွင်းရသည့် ကားများအခွန်ကင်းလွတ်ခွင့်ရသဖြင့် အပ်နှံမည့် ကားရှားပါးလာပြီး တိုက်ကြေကားဈေးကွက် ၆၈ သိန်းထိမြင့်တက်လာလျက်ရှိသည်။


တိုက်ကြေကားဈေးကွက်တွင် အချို့ကားများကို လုပ်ကြံဖန်တီးအပ်နှံမှုများ ရှိလာပြီး တိုက်ကြေစလစ်ဈေးနှုန်း ၆၈ သိန်းဖြင့် အရောင့်အဝယ်များလာပြီး သက်တမ်းနှစ်နှစ်ဆယ်တက္ကစီ အပ်ကားဈေးနှုန်းမှာ ၈၁ သိန်းဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း စလစ်ကပ်ကားအရောင်းအဝယ်ယပြုလုပ်နေသူများထံမှ သိရသည်။

"အပ်ကားကလည်း အခုနောက်ပိုင်းရှားလာတယ်။ အပ်ကားရှားလာလို့ တိုက်ကြေဈေးကွက်က ပိုမြင့်လာတယ်။ အရင်က တိုက်ကြေကားများက ၆၃၊ ၆၄ မှာပဲရှိတာ။ အခုရက်ပိုင်း ၆၈ သိန်းထိဈေးတက်လာတယ်" ဟု စလစ်ကပ်ကားအရောင်းအဝယ်ပြုလုပ်နေသူ ကိုအောင်ဇော်က ဆိုသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် သက်တမ်းကိုလည်း အပ်နှံကားရှားပါးလာ၍ လျော့ချပေးသင့်ကြောင်း ကားဝယ်ရောင်းများကပြောသည်။

ခေတ်သစ်

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App