ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ထွက်ပေါ်မလာသေး သောကြောင့် ‘အ’အက္ခရာစလစ်များ သိန်းတစ်ရာ ကျော်အထိ မြင့်တက်

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ် ထွက်ပေါ်မလာ သေးသောကြောင့် ‘အ’အက္ခရာ စလစ်များသည် သိန်းတစ်ရာကျော်အထိ မြင့်တက်သွားခဲ့ကြောင်း ကား ၀ယ်/ရောင်းများထံမှ သိရှိရသည်။ A-Akayar


ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ၂၀၁၄ ခုနှစ်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်းများကို သက် တမ်း အလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသတင်းထုတ် ပြန်ပြီး သုံးလကျော်ကာလအထိ လက်တွေ့ အကောင်အထည် မဖော်နိုင် သေး သောကြောင့် ကားဟောင်း စလစ်ဈေးများ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လာခဲ့သည်။ ယခုတစ်ပတ်အတွင်း ဖြစ် ပေါ်နေသော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကား ၀ယ်/ရောင်းတစ် ဦးက “ပေါ်လစီသစ်ထွက်ပေါ်မ လာသေးသလို ‘အ’ ပြီးရင် ဘယ် အက္ခရာကိုခေါ်ယူမယ်ဆိုတာ ခန့် မှန်းလိုမရတဲ့အတွက် စလစ်ဈေး အပြောင်း အလဲ တွေ ဖြစ်ပေါ်နေပါတယ်၊ ဈေးကွက်ထဲမှာ စလစ်ဝယ်လိုအားကောင်းပြီး အပ်ကားက သိပ်မကျန်တော့တဲ့အတွက် စလစ်ဈေးက ဒီတစ်ပတ်အတွင်းမှာ ကျပ် သိန်းတစ်ရာ အပေါ် ကိုရောက်ရှိသွားခဲ့ပါတယ်”ဟု ဆိုခဲ့သည်။ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကားဟောင်းနှင့် စလစ်ဈေးကွက်မှာ ‘လ၊သ၊အ’အက္ခရာ ကားဟောင်း တစ်စီးလျှင် ကျပ် ၉၉ သိန်းနှင့် အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ် ၁၀၄ သိန်း ၀န်းကျင်၊ တက္ကစီအပ်ကားတစ်စီးလျှင် ကျပ်သိန်း ၆၀ ၀န်းကျင်နှင့် တက္ကစီစလစ် တစ်စောင်လျှင် ကျပ် ၆၄ သိန်းဝန်းကျင်၊ နံပါတ်အနီ Chery QQ3 ကားဟောင်းတစ်စီးလျှင် ကျပ် ၅၈ သိန်းဝန်းကျင် ပေါက်ဈေး အသီးသီးရှိကြောင်း ကားဝယ်/ရောင်း များထံမှ သိရသည်။


 

Ref : Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App