ယာဉ်တင်သွင်းခွင့် တစ်နှစ်ပိတ်ပင်ခံရသည့် ကုမ္ပဏီငါးခု ထပ်မံကျူးလွန်ပါက အမည်ပျက် စာရင်းသွင်းခံရမည်

ကျွန်တော်များ MyanmarCarsDB မှ မနေ့ကတင်ပြပေးခဲ့သော ကုမ္ပဏီငါးခု မော်တော်ယာဉ်တင်သွင်းခွင့်တစ်နှစ်အပိတ်ခံရ
ဆိုသည့်သတင်းနှင့်ပတ်သတ်၍ ထပ်မံရရှိသော သတင်းတစ်ပုဒ်ကို တင်ပြလိုက်ပါသည်။

ပျက်စီးမော်တော်ယာဉ်များ တင်သွင်းမှုကြောင့် မော်တော်ယာဉ်တင်သွင်းခွင့် တစ်နှစ်ပိတ်ပင်ခံရသော ကုမ္ပဏီ ငါးခုသည် ထပ်မံဖောက်ဖျက်ကျူးလွန်ပါက အမည်ပျက်စာရင်းသွင်းခံရမည် ဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးကပြောကြားသည်။  

banned-companies

ဂျပန်နိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားထားသည့် ပျက်စီးမော်တော်ယာဉ်များတင်သွင်းသောကြောင့်


  • အေးမိသားစု ကုမ္ပဏီလီမိတက်၊

  • နာဂဝဒီဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊

  • G Five ဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊

  • ဇယံထူးကုမ္ပဏီ လိမီတက်၊

  • UT Family ကုမ္ပဏီလိမီတက် တို့ကို ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားကြောင်း ၎င်းကပြော ကြားသည်။


လက်ရှိတွင် အဆိုပါကုမ္ပဏီငါးခုကို တင်သွင်းခွင့် ပိတ်ပင်ရန် အတည်ပြုပြီးဖြစ်သော်လည်း တရားဝင်အမိန့်နှင့် စတင်ပိတ်ပင်မည့်နေ့ကိုမူ ထုတ်ပြန်သတ်မှတ်ရခြင်း မရှိသေးကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကုမ္ပဏီငါးခုက တင်သွင်းလာသည့် ပျက်စီးမော်တော်ယာဉ်အရေအတွက်မှာ(၂၇)စီးခန့်ရှိပြီး လက်ရှိတွင် ရန်ကုန်မြို့ဆိပ်ကမ်းများတွင်သာ ရှိနေဆဲဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ယင်းကုမ္ပဏီငါးခုသည် တစ်နှစ်တင်သွင်းခွင့်ပိတ်ပင်ခံရသော်လည်း ရောင်းချခွင့်ဆက်လက်ရရှိမည်ဖြစ်သည်။
the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Latest News

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်း​သော...

Industrial vehicles 150x150

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်းလျှက်​ရှိတဲ့ လုပ်​ငန်းသုံးကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ကင်းလွတ်​ခွင့်ပြုမည်​ဖြစ်​တယ်​လို့...

Read more »

၁၃၀၀ စီစီကားများ တင်​သွင်းမှူမြင့်တက်​​နေရာ...

Mazda demio 2011 150x150

ဧပြီလ ၁ ရက်​မှစ၍ ၁၅၀၀ စီစီနှင့်အထက်​ စလစ်​ကပ်​ကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံ​တော့မည်​ဖြစ်​၍ ဇန်​နဝါရီလနှင့်ဖေ​ဖော်​ဝါရီလ အတွင်း...

Read more »
Download Android App