ယာဉ်ငယ်များ ဘီးယက်စနစ် အပြန်အလှန်ပြောင်းခွင့်ပြု

က.ည.န တွင် ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် ယာဉ်စစ်ဆေးရာတွင် မော်တော်ယာဉ်ငယ်များကို နှစ်ဘီးယက်စနစ်(Two Wheel Drive)နှင့် လေးဘီးယက်စနစ်(Four Wheel Drive)များအပြန်အလှန်ပြောင်း လဲခွင့် ဇွန်လ(၄)ရက် နေ့မှစ၍ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ယင်းဌာနမှသတင်းထုတ်ပြန်သည်။

news_4wd

ယခင်ကယင်းသို့အပြောင်းအလဲပြုလုပ်ရာတွင် ဌာနဆိုင်ရာအဆင့်ဆင့်သို့ တင်ပြရပြီး ခွင့်ပြုချက်ရမှသာ ပြောင်းလဲခွင့်ရှိရာမှ ယခုအခါတွင် လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်တွင် လေးဘီးယက်စနစ်ယာဉ်များမှာ နှစ်ဘီးယက်စနစ်ယာဉ်များထက် ကျပ်ငါးသိန်းဝန်းကျင်ခန့် ဈေးသက်သာသော်လည်း လောင်စာသုံးစွဲမှုများသောကြောင့် ဝယ်ယူသူနည်းပါးကြောင်း သိရှိရသည်။

နှစ်ဘီးယက်စနစ်မှာ ယာဉ်၏အရှေ့ဝင်ရိုး(သို့)အနောက်ဝင်ရိုးတစ်ခုသာ အင်ဂျင်နှင့်ချိတ်ဆက် လည်ပတ်မောင်းနှင်သည့်စနစ်ဖြစ်ပြီး လေးဘီးယက်စနစ်မှာ အရှေ့ဝင်ရိုးနှင့် အနောက်ဝင်ရိုးနှစ်ခုလုံး အင်ဂျင်နှင့်ချိတ်ဆက် လည်ပတ်မောင်းနှင်သောစနစ်ဖြစ်ကာ တောင်ပေါ်ဒေသနှင့် ရွှံ့ဗွက်ထူသောဒေသများတွင် မောင်းနှင်ရန် သင့်တော်သည့်စနစ်ဖြစ်ကြောင်းသိရှိရသည်။
the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

 

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App