၁၀ ဘီးနှင့် ၁၂ ဘီးယာဉ် ကုန်ကားရှားပါးမှုကြောင့် ကုန်စည်စီးဆင်းမှုအတွက် တွဲကားကြီးများ အစားထိုးအသုံးပြု

ဒေသထွက်ကုန် တင်ပို့မှုတွင် အဓိက အားထား အသုံးပြုနေရသော ၁၀ ဘီးနှင့် ၁၂ ဘီးယာဉ်ကုန်ကားကြီးများ ရှားပါးနေမှုကြောင့် ကုန်စည် စီးဆင်းမှုအတွက် တွဲကားကြီး များ အစားထိုး အသုံးပြုနေရကြောင်း ‘မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်း’မှ သတင်းရရှိသည်။                     Container-Truck


တွဲကားကြီးများကို စီမံကိန်း ကုန်များဖြစ်သည့် ဘိလပ်မြေ၊ သံချောင်း၊ ကတ္တရာများ သယ်ယူ ပို့ဆောင်ရန်သာ အသုံးပြုလေ့ရှိသော်လည်း ယခု နယ်စပ်ဒေသထွက်ကုန်များ ပေါများနေသောကြောင့် ရန်ကုန်မှ ကုန်ကားအများစု နယ်ဘက်သို့ ရောက်ရှိနေရာ တွဲကားကြီးများကို အစားထိုး အသုံးပြုနေရကြောင်း သိရသည်။ “အခုအချိန် မြ၀တီမှာ ထိုင်းကုန် အရမ်းပေါတယ်၊ မူဆယ်မှာလည်း ပဲအထွက်များတယ်၊ နယ်စပ်ကုန်ကို တစ်ဖက်နယ်စပ်ကို ပြန်ပို့နေရတဲ့ အခြေအနေဖြစ်နေတော့ ရန်ကုန်မှာ ကုန်ကားတွေ အရမ်းရှားပါးပြီး နယ်စပ်မှာပဲ ဖြစ် နေတယ်၊ ကားနည်းလို့ တန်ဆာခ တက်မလားဆိုတော့ တိုးတောင်းလို့ မရဘူး၊ တွဲကား အစားထိုးသုံးနေရပေမဲ့ တွဲကားက ကုန်တင် ကားလောက် အဆင်မပြေဘူး၊ အခုတော့ ရှိတဲ့ကားတွေနဲ့ပဲ အဆင်ပြေအောင် လုပ်နေရတယ်”ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်သယ် ယူပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း လက်ထောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ ယင်းကဲ့သို့ အခြေအနေများကြောင့် လတ်တလော ရန်ကုန်မြို့၌ ယခင်က တစ်ရက်လျှင် ၁၀ ဘီး နှင့် ၁၂ ဘီးယာဉ်ကြီး အစီးရေ ခုနစ်ရာခန့်ဖြင့် နေ့စဉ် ကုန်စည် သယ်ယူပို့ဆောင်ရာမှ ယခုအခါ ကုန်တင်ယာဉ်အစီးရေ သုံးရာကျော်ဖြင့်သာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယာဉ်အစီးရေထက်ဝက်ခန့် လျော့ကျသွားကြောင်း သိရသည်။


 

Ref: Automobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App