နှစ်အလိုက် တင်သွင်းခွင့်ပြု Model Year များကို ၂ နှစ်မှ သုံးနှစ်အထိ ခုန်တက်ရန် စီးပွား/ကူးသန်းမှ စီစဉ်နေ

မိုဒယ်မြင့်ကားများ များလာစေရန်အတွက် တင်သွင်းခွင့်ပြု Model Year များကို တစ်နှစ်လျှင် မိုဒယ် ၂ နှစ်မှ သုံးနှစ်အထိ ခုန်တက်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။2012-tesla-model-s-fd
ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ နှစ်အကန့်အသတ် အနည်းငယ်ဖြင့် တင်သွင်းခွင့်ပေးပြီး မိုဒယ်မြင့်ကားများ များလာစေရန် အတွက် လာမည့်နှစ်များ၌ Model Year၂ နှစ်မှ သုံးနှစ်အထိ ခုန်ကူးရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီနှစ်မှာ ၁၉၉၇ မိုဒယ်ကနေ ၂၀၀၀ မိုဒယ်ကို ခုန်ကူးခဲ့သလို လာမယ့် ၂၀၁၅ ခုနှစ်မှာလည်း ၂၀၀၀ မိုဒယ်ကနေ ၂၀၀၃ မိုဒယ်ကို ခုန်ကူးဖို့ စီစဉ်ထားပါတယ်၊ တိုင်းပြည် တစ်ပြည်မှာ ကားတင်သွင်းတယ်ဆိုတာ ငါးနှစ်အတွင်း ထုတ်လုပ်တဲ့ ကားပဲသင့်တော်ပါတယ်၊ လုပ်ငန်း သုံးယာဉ်တွေအတွက်ကတော့ ၁၀ နှစ်အတွင်းဆိုရင် သင့်တော်ပါတယ်၊ မြန်မာနိုင်ငံမှာ မိုဒယ်မြင့် ကားတွေ ၀င်ရောက်လာဖို့အတွက် တစ်နှစ်နဲ့တစ်နှစ် မိုဒယ်တွေ ခုန်ကူးသွားဖို့ စီစဉ်ထားပါတယ်၊ ဒါပေမဲ့ ဒီနိုင်ငံမှာရှိတဲ့ လမ်းအနေအထားနဲ့ စက်သုံးဆီ အရည်အသွေးကို တွက်ချက်ပြီး တစ်နှစ်မှာ မိုဒယ် ဘယ်လောက် ခုန်ကူးမလဲ ဆိုတာ စဉ်းစားတွက်ချက် နေပါ တယ်ဟု ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော CIF တန်ဖိုးအသစ်တွင် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်မှုအတွက် လူစီးယာဉ်များကို ၂၀၀၀ မိုဒယ်မှ ၂၀၀၈ မိုဒယ်အတွင်း၊ တစ်ဦးချင်း ပါမစ်ဖြင့် တင်သွင်းသော လူစီးယာဉ်များကို ၂၀၀၉ မိုဒယ်မှ ၂၀၁၃ မိုဒယ်အတွင်း၊ ကုန်တင်ယာဉ်များ ကို ၂၀၀၄ မိုဒယ်မှ ၂၀၁၄ မိုဒယ်အတွင်း ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

 

Ref: Automobile

Latest News

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »
Download Android App