ကားပြပွဲကိုလာကြည့်ရုံဖြင့် Toyota ကားအသစ်တစ်စီး ရရှိမည်

မြန်မာနိုင်ငံတွင် ကျင်းပမည့် Yangon International Auto Show သို့ လာရောက်ကြည့်ရှုရုံဖြင့် Toyota ကားသစ်တစ်စီး ရရှိမည်ဖြစ်ကြောင်း Smart Business Group မှ သိရသည်။ 

Toyota

အဆိုပါ ကားပြပွဲကို အောက်တိုဘာ ၁၇ မှ ၂၀ အထိ ဒဂုံမြို့နယ်၊ ဦးဝိဇာရလမ်းရှိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများ၊ ကားအရောင်းပြခန်းများမှ အိမ်စီးနှင့် လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တယားကြီးများ၊ ကား ဘက်ထရီနှင့် ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကားတာယာကွန်ပေါင်းပန်းတင် လုပ်ငန်းများ အပါအဝင် အခြားဆက်စပ်လုပ်ငန်းများကို ပြခန်းပေါင်း လေးရာကျော်ဖြင့် ဖွင့်လှစ်ပြသရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

ပြပွဲကာလအတွင်း လာရောက်ကြည့်ရှုရုံဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲတစ်စောင်အား အခမဲ့ကံစမ်းခွင့်ရှိမည်ဖြစ်သလို ကားတစ်စီးဝယ်ယူသူ၊ ကားတစ်စီးမှာယူရုံမျှဖြင့် အထူးကံစမ်းမဲ လက်မှတ်တစ်စောင် ရရှိမည်ဖြစ်သည်။ကံစမ်းခွင့်ရရှိသူများအတွက် ပထမဆုအဖြစ် Toyota ကားအသစ် တစ်စီးကို တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်သလို အခြာဆုမဲများအဖြစ် တီဗွီ၊ ရေခဲသေတ္တာ၊ ဒီဗီဒီ၊ ထမင်းပေါင်းအိုးနှင့် အခြားဆုမဲ တစ်ရာကျော်ကို နေ့စဉ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by nox-AM-ruit

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App