လာမည့်နှစ်တွင် တင်သွင်းရမည့် မော်ဒယ်သတ်မှတ်ချက် တိကျစွာမထုတ်ပြန်သေးသော်လည်း ၂၀၀၃ မော်ဒယ် များ လေလံတွင်စုပြုံဝယ်

လာမည့် ၂၀၁၅ တွင် စလစ်ကပ်ကားများအား ၂၀၀၃ မော်ဒယ်မှလည်းကောင်း၊ Free Permit ကားများ အား ၂၀၁၁ မော်ဒယ်မှလည်းကောင်း တင်သွင်းရမည်ဟူသောသတင်းကြောင့် ထုတ်ပြန်ချက်တိကျစွာ မထွက် ရှိသေးသော်လည်း လေလံတွင် ၀ယ်ယူမှုများလာသူများနှင့် အ၀ယ်ရပ်ထားသောသူများပါ ရှိလာကြောင်းသိရ သည်။

စလစ်ကပ်တင်သွင်းနိုင်သော မြန်မာပြည်အကြိုက် Kluger, RAV4 စသည့်ကားများမှာ ၂၀၀၃ မော်ဒယ် ကိုဝယ်ယူမှုများပြီး ဈေးနှုန်းများမှာလည်း နှစ်ပတ်အတွင်း ကျပ်သိန်း ၃၀ ခန့်တက်လာကြောင်းသိရသည်။ လာမည့်နှစ်အတွက် စလစ်ကပ်ကားများအား ၂၀၀၃ မော်ဒယ်မှစတင်သွင်းရမည်ဟု ကျိန်းသေမှုမရှိသေးသော် လည်း အမှန်တကယ်တင်သွင်းရခဲ့ပါက စုပြုံဝယ်ယူမှုကြောင့် ဈေးတက်မည်ကိုစိုးရိမ်သည့်အတွက် ၀ယ်ယူထား ကြခြင်းဖြစ်ကြောင်း ကား Sale Center ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ကြိုဝယ်ထားသူများရှိသကဲ့သို့ မူဝါဒထွက်ရှိလာပါက အကြောင်းကြောင်းကြောင့် လွဲချော်မည်ကိုစိုးရိမ် သူများကမူ လေလံတွင်အ၀ယ်ရပ်ထားကာ ၀ယ်သူလာမှပင်ဝယ်ယူပေးတော့ကြောင်း ကားလေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးကပြောပြခဲ့သည်။Free Permit အား လာမည့်နှစ်အတွက် ၂၀၁၁ မှစကာ တင်သွင်းရမည်ဟုဆိုသော်လည်းကြိုတင်ဝယ်ယူထားပြီးနောက်တင်သွင်းရမည့်မော်ဒယ်အပြောင်းအလဲဖြစ်မည်ကိုစိုးရိမ်မိကြောင်းပြောပြခဲ့သည်။

ယခုအချိန်တွင် နှစ်ကုန်ဆုံးချိန်အခွန်နှုန်းထားလျှော့ပေါ့ပေးချိန် ကုန်ဆုံးတော့မည်ဖြစ်ရာ စလစ်ကပ် ကား ၂၀၀၃ မော်ဒယ်များအား အ၀ယ်စိတ်လာပြီး Free Permit ဈေးကွက်မှာငြိမ်နေကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App