ယူရိုကားဈေးကွက်အေးနေသော်လည်း CIF တန်ဖိုးသတ်မှတ်ချက်ထွက်ပြီးပါက ယူရို Brand အသစ်များ ပြည်တွင်းသို့ဝင်ရောက်လာနိုင်

ယူရိုကားဈေးကွက်အေးနေခြင်းမှာ CIF တန်ဖိုးသတ်မှတ်ချက် ထွက်ရှိမှုအား စောင့်ကြည့်နေကြခြင်း ကြောင့်ဖြစ်ကြောင်း ယူရိုကားများတင်သွင်းရောင်းချသော WK Cars Sale Center မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပုံမှန်ရောင်းအားရှိနေသည်ဟုဆိုသော်လည်း နှစ်ကုန်ချိန်နီးကာ CIF တန်ဖိုးသတ်မှတ်ချိန်နီးနေသဖြင့် အရောင်းအေးနေခြင်းမှာ အမှန်ပင်ဖြစ်ကြောင်းသိရသည်။ Hammer,Cadillac,Lincoln,BMW စသည့်တင်သွင်း မှုနည်းပါးသော ယူရိုကားများမှာ ဈေးကွက်အနေအထားနှင့် သတ်ဆိုင်နေကြောင်းသိရသည်။ CIF တန်ဖိုးသတ် မှတ်ရာတွင် လျော့ကျခဲ့မည်ဆိုပါကလည်း ၂၀၁၅ ခုနှစ်တွင် အခွန်လျော့ပေါ့ခြင်းမရှိတော့သည့်အတွက် အဆိုပါ CIF တန်ဖိုးမြင့်မားသည့်ယူရိုကားများတွင် အခွန်နှုန်းထားမှာ သိသာစွာတက်လာနိုင်ကြောင်း ရှင်းပြသည်။

“ CIF တန်ဖိုးကျတယ်ဆိုပါတော့၊ ဒါပေမယ့် ၂၀၁၅ မှာ (၂က) လို၊ (၁က) လို ကားတွေကိုအခွန်မ လျော့တော့ဘူး ဆိုတော့ ဒီလိုယူရိုကားတွေက CIF တန်ဖိုးမြင့်ရင်မြင့်သလို အခွန်မှာသိသာနိုင်တယ်။ နောက် တစ်ချက်က ဒီလိုသွင်းနေကျမဟုတ်တဲ့ ယူရိုကားတွေအပြင်ကို ဒီကဈေးကွက်နဲ့လည်းသင့်တော်မယ့် ယူရိုကား အမျိုးအစားအသစ်တွေလည်း ၀င်လာနိုင်တယ်” ဟု ရှင်းပြခဲ့သည်။

အများအားဖြင့် ပြိုင်ကားများနှင့် ယူရိုကားများကိုသာ တင်သွင်းမှုများသည့် WK Cars Sale Center အနေဖြင့်လည်း CIF တန်ဖိုးသတ်မှတ်ချက်ထွက်ပြီးနောက်ပိုင်း ပြည်တွင်းဈေးကွက်အနေအထားနှင့် ကိုက်ညီ ကာ CIF တန်ဖိုးသင့်တင့်မျှတသည့် ယူရိုကားများကိုထပ်မံတင်သွင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။

“အခုလောလောဆယ် ယူရိုအမျိုးအစားပြိုင်ကားတွေ ပါမစ်ရပြီးသားတွေတော့ရောင်းဖို့ရှိတယ်။ ဒါပေ မယ့်မဖွင့်ပေးရင်တော့ ပြိုင်ကားကရှားလာနိုင်တယ်။ အခုလောလောဆယ်မှာ ပြိုင်ကားကဈေးကွက်ထဲမှာရှိနေ သေးတော့ ဈေးမတန်တဆခေါ်တာတွေမရှိသေးပေမယ့် နောက်ပိုင်းရှားလာရင်တော့ ဖြစ်လာနိုင်တယ်” ဟု ရှင်း ပြခဲ့သည်။

Ref: Auto World Journal မှကူးယူဖေါ်ပြသည်။

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App