ဗော်ဗို၊ စကင်နီယာနှင့် ဆာ့ဘ်ကားကုမ္ပဏီများ မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးအခြေအနေကို လာရောက်လေ့လာ

ရန်ကုန်။ နိုဝင်ဘာ ၂၀

ကမ္ဘာကျော် ဆွီဒင်ကားကုမ္ပဏီများဖြစ်သည့် ဗော်ဗို(Volvo)၊ စကင်နီယာ(Scania)၊ ဆာ့ဘ်(Saab) တို့သည် မြန်မာနိုင်ငံရှိပို့ဆောင်ဆက်သွယ်ရေးအခြေအနေများကို လေ့လာရန် လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးမှ တာဝန်ရှိသူများနှင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တွင် နိုဝင်ဘာ ၁၉ နေ့၌ ဆွီဒင်ကုန်သွယ်မှုနှင့် ရင်းနှီးမြုပနှံမှုဆိုင်ရာကောင်စီမှ ဆွေးနွေးပွဲပြုလုပ်ကာ ဆွီဒင်နှင့် မြန်မာနှစ်နှိင်ငံအကြား မြို့ပြဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဖလှယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မြို့ပြပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၏ လက်ရှိအနေအထားများကိုပါ ကားကုမ္ပဏီများက လေ့လာသွားမည်ဟု ဆိုသည်။

ဆွီဒင်မှ ကားကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင်အစိုးရ စွမ်းအင်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ မစ္စ  Ingela Bendrot ဦးဆောင်မှုဖြင့် မြန်မာပြည်သို့ရောက်လာခြင်းဖြစ်သည်။ ဗော်ဗို နှင့် စကင်နီယာတို့သည် စီးတီးဘတ်စ်များ၊ အဝေးပြေခရီးသည်တင် Express ကားများနှင့် ထရပ်ကားများထုတ်လုပ်သည့် ကားကုမ္ပဏီကြီးများဖြစ်ကာ ဆာ့ဘ်၏ ကိုယ်စားလှယ်များမှာမူ ITS ခေါ် Intelligent Transportation System ကို အထူးပြုသည့်လုပ်ငန်းမှဖြစသည်ဟု သိရှိရသည်။

Auto World Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Alias 0591

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App