သုံးလတာကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့် ဖမ်းဆီးအရေးယူ

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ လျော့ကျစေရန် ရန်ကုန်မြို့တွင်း အဓိကလမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် စစ်ဆေးဖမ်းဆီး ဆောင်ရွက်ခဲ့ပြီး

Ka- (1)

နိုဝင်ဘာလမှ ဇန်န၀ါရီလအထိ သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ သတ်မှတ်ထားသည့် မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့်အား ဖမ်းဆီး အရေးယူခဲ့ကြောင်း ‘အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ရာ၌ စည်းကမ်းမဲ့ ယာဉ်များအား ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်း၊ ချလန်ဖြတ် အရေးယူခြင်း စသည့် နည်းလမ်း နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကာ ကရိန်းနှင့်ဆွဲယူသည့် ယာဉ်အား ငွေကျပ် တစ်သိန်းခွဲခန့်နှင့် ချလန်ဖြတ် အရေးယူခြင်းခံရသည့် ယာဉ်မောင်းအား ဒဏ်ငွေ ကျပ်နှစ်သောင်းခွဲခန့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။ “စစ်ဆေးဖမ်းဆီး အရေးယူမှုတွေကို အဆက်မပြတ် ဆောင်ရွက်သွားမှာပါ၊ အရင်ကဆို လူတွေက လမ်းပေါ်ယာဉ်ရပ်ရင် ကိုယ့်အိမ်ရှေ့မှာရပ်သလို ရပ်ထားကြတာ၊ အခုတော့ ဘယ်နားက လာဖမ်းမလဲဆိုပြီး မရပ်ရဲကြတော့ဘူး၊ ဒါကြောင့် ယာဉ်ကြောကျပ်တည်းမှု သိသိသာသာကို လျော့ကျလာတာတွေ့ရတယ်”ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဒဏ်ရိုက် အရေးယူခြင်းခံရသည့် ယာဉ်များအနေဖြင့် ဖမ်းဆီး အရေးယူခြင်း ဥပဒေပုဒ်မအရ တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်သည်ဟု သိရသည်။


 

Ref: Automobile

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App