ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူခဲ့ပါသည်။

Police-Fukk-333x500

၃.၃.၂၀၁၄ ရက်နေ့ ၂:၃၀ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးအုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊ (၄) ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ၀န်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏၀တ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့် စစ်ဆေး ပြီးငွေကြေး တောင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ မသင်္ကာသဖြင့်စစ်ဆေးခဲ့ပါသည်။ အဆိုပါသူအားစစ်ဆေးရှာဖွေရာ ၎င်းမှာယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ အင်းစိန်မြို့နယ်၊ ရွာမ အနောက်ရပ်ကွက်နေ ကျော်ဆန်းဝင်း (ဘ)ဦးဆန်းမြင့် ဖြစ်ကြောင်းသိရှိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏၀တ်စုံအား အယောင်ဆောင်ဝတ်ဆင်၍ မော်တော်ယာဉ်များကို   ရပ်တန့်စစ်ဆေးကာ ငွေကြေးများ တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ထိုကဲ့သို့ တောင်းခံရရှိထားသည့် ငွေကျပ်(၇၇၀၀)အား သိမ်း ဆည်းရမိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


 

Ref : Myanmar daily news

Latest News

ယနေ့ (၂၁.၂.၂၀၁၇) အတွက်...

21217 150x150

စလစ်ဈေး - ၁၂၀ သိန်း ဝန်းကျင် (အမည်ပေါက်)ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၃ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၀၀ ကျပ်) ကညန...

Read more »

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်တင်​​ယာဉ်​အားလုံးကို...

Car bus people on top 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲလျှက်​ရှိ​သော ၁၉၉၅ မော်ဒယ်​​အောက်​ ခရီးသည်​တင်​ယာဉ်​များကို ဧပြီလမှစ၍ အပ်​နှံခွင့်အား...

Read more »

တန်ဖိုးကြီး Luxury...

Bus and industrial vehicle 150x150

လုပ်​ငန်းသုံးယာဉ်​များနှင့် ခရီးသည်​တင်​ယာဉ်​များကိုလည်း ဧပြီလ ၁ရက်​မှစ၍ စလစ်​ကပ်​တင်​သွင်းယာဉ်​ ဖြစ်​ပါက ကြိုတင်​ဝင်​​ငွေခွန်​...

Read more »

အ​ကောက်​ခွန်​ဒဏ်​​ကြေးမှာ မတ်​လ ၁၁...

Atwnov8car 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်​ပမှတင်​သွင်းလာ​သော ကားများကို အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်းအရ ဒဏ်​​ကြေးသတ်​မှတ်​ခြင်းကို မတ်​လ ၁၁...

Read more »

YBS အများပိုင်​ယာဉ်​လိုင်း စနစ်​ ၁...

Ybs 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ခရီးသည်​တင်​ လိုင်းကားများကို YBS အများပိုင်​ယာဉ်​လိုင်း စနစ်​...

Read more »
Download Android App