ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် အမှတ်(၃)လမ်းမအား ၁၀ လမ်းသွား လမ်းအဖြစ် ခင်းကျင်းမည်

အမှတ်(၃) လမ်းဆုံနှင့် အောင်မင်္ဂလာဝင်းအတွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းရန်အတွက် အမှတ်(၃)လမ်းမကြီးအား ၁၀ လမ်းသွား လမ်းမကြီးအဖြစ် ခင်းကျင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာကားဝင်း) မှ သတင်းရရှိသည်။

 

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း လမ်းသားချဲ့ထွင်မှုနှင့် လမ်းများတိုးချဲ့ခင်းကျင်းမှုတို့ကြောင့် ယာဉ်ဝင်၊ ယာဉ်ထွက် ကန့်သတ်မှုများရှိလာကာ ယာဉ်ကြောပိတ်ဆို့မှုများ ရှိလာပြီး အဝေးပြေးဝင်းအနီးရှိ သီရိရတနာ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း စတင်ဖွင့်လှစ်ပါက ကုန်တင်ယာဉ်နှင့် အဝေးပြေးကားများ မြို့တွင်းခရီးသည်တင်ယာဉ်များ ဝင်ထွက်သွားလာမှုတို့ကြောင့် ပိုမိုဆိုးရွားလာနိုင်သဖြင့် အမှတ်(၃)လမ်းမကြီးအား ယာဉ်ကြောသွားလာမှုလွယ်ကူသည့် ၁၀ လမ်းသွားကားလမ်းမကြီးအဖြစ် ခင်းကျင်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော၌ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအနီးရှိ ဓမ္မာရုံမှတ်တိုင်မှ သုဓမ္မာလမ်းမကြီးတစ်လျှောက် ခြောက်လမ်းသွားလမ်းမကြီးအဖြစ်ခင်းကျင်းခဲ့ပြီး ယခုအခါ ဓမ္မာရုံမှတ်တိုင်မှ အမှတ်(၃)လမ်းဆုံအထိ အမှတ်(၃)လမ်းမအား ၁၀ လမ်းသွား လမ်းမအဖြစ် ခင်းကျင်းမည်ဖြစ်ကာ လက်ရှိတွင် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by ian munroe

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App