လျှပ်စစ်ကားဆိုတာဘာလဲ၊ လျှပ်စစ်ကားအကြောင်း သိကောင်းစရာများ

လျှပ်စစ်ကားများကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုပြီးတဲ့အခါ လျှပ်စစ်ကားဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘာအကျိုးကျေးဇူးတွေရှိသလဲ စသဖြင့် သိရှိဖို့လိုလာပြီဖြစ်ပါတယ်.။ ဒါကြောင့် လျှပ်စစ်ကားများအကြောင်းကို မိတ်ဆက်တင်ပြပေးလိုက်ပါတယ်.။

 

လျှပ်စစ်ကားဆိုတာဘာလဲ?

လျှပ်စစ်ကားဆိုတာ သာမန်ဓါတ်ဆီ (သို့) ဒီဇယ်အင်ဂျင် မဟုတ်ဘဲ လျှပ်စစ်မော်တာတပ်ဆင်ထားတဲ့ ကားအမျိုးအစားကို ပြောတာဖြစ်ပါတယ်.။ စွမ်းအင်ကို လျှပ်စစ်နဲ့ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီတွေထဲမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်.။

 

လျှပ်စစ်ကားနဲ့ သာမန်ကား ဘာကွာပါသလဲ?

လျှပ်စစ်ကားနဲ့ သာမန်ကားတွေရဲ့ အဓိကကွာခြားချက်ကတော့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုလို့ ပြောနိုင်ပါတယ်.။ ကွာခြားချက်အချို့ကို အောက်မှာပြောပြထားပါတယ်.။

 

အခိုးအငွေ့ထုတ်လွှတ်မှု

လျှပ်စစ်ကားတွေဟာ လျှပ်စစ်ဓာတ်အားနဲ့ သွားတာဖြစ်တဲ့အတွက် အငွေ့ထုတ်လွှတ်မှု မရှိပါဘူး.။ သာမန်ကားတွေကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ Greenhouse Gases တွေထုတ်လွှတ်ပါတယ်.။

 

သွားနိုင်တဲ့အကွာအဝေး

လျှပ်စစ်ကားတွေဟာ အားအပြည့်သွင်းထားရင် မိုင် (၁၀၀) ပတ်လည်လောက်ပဲ သွားနိုင်ပါတယ်.။ သာမန်ကားတွေကတော့ တိုင်ကီအပြည့်ဖြည့်ထားရင် ပျမ်းမျှအားဖြင့် မိုင် (၃၀၀) အထက်သွားနိုင်ပါတယ်.။

 

လောင်စာပြန်လည်ဖြည့်တင်းရန် ကြာချိန်

လျှပ်စစ်ကားတွေဟာ အားပြန်လည်ဖြည့်သွင်းဖို့ နာရီနဲ့ချီပြီး ကြာမြင့်ပါတယ်.။ သာမန်ကားတွေကတော့ လောင်စာဖြည့်သွင်းဖို့ မိနစ်အနည်းငယ်သာ ကြာပါတယ်.။

 

ကုန်ကျစားရိတ်

လျှပ်စစ်ကားတွေဟာ သာမန်ကားတွေထက် ကုန်ကျစားရိတ်သက်သာပါတယ်.။ ပျမ်းမျှအားဖြင့် (၆) ဆခန့် ပိုမိုသက်သာတာဖြစ်ပါတယ်.။ လျှပ်စစ်ကား (၆) မိုင်မောင်းနှင်တဲ့ ကုန်ကျစားရိတ်နဲ့ သာမန်ကား (၁) မိုင်မောင်းနှင်တဲ့ ကုန်ကျစားရိတ် အတူတူနီးပါးရှိပါတယ်.။

 

Hybrid ကားတွေကတော့ လျှပ်စစ်ကားတစ်ပိုင်း လောင်စာဆီကားတစ်ပိုင်းလို့ ပြောရမယ့်ကားတွေဖြစ်ပါတယ်.။ လောင်စာဆီပြန်လည်ဖြည့်တင်းရန် လိုအပ်ပြီး မောင်းနှင်တဲ့အခါမှာတော့ ဘက်ထရီနဲ့ လျှပ်စစ်မော်တာအကူအညီနဲ့ ပိုမိုမောင်းနှင်နိုင်ကြပါတယ်.။

 

 CarsDB မှ Nissan Leaf ကားများကိုကြည့်ရန်


 

လျှပ်စစ်ကားများကြောင့် ဘယ်လိုအကျိုးကျေးဇူးမျိုး ရနိုင်မလဲ?

လျှပ်စစ်ကားများအသုံးပြုခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနှုန်းကို 30% အထိ လျှော့ချနိုင်မှာဖြစ်ပါတယ်.။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာရောက်ပြီး ကမ္ဘာကြီး ပူနွေးမှု လျှော့ချရေးကိုလည်း အတိုင်းအတာတစ်ခုအထိ ကူညီနိုင်မှာဖြစ်ပါတယ်.။

 

ကမ္ဘာပေါ်မှာ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်မှု ဦးဆောင်ကုမ္ပဏီများအနေနဲ့ အမေရိကန်မှ Tesla Motors, နော်ဝေနိုင်ငံမှ Think Gllobal, အိန္ဒိယနိုင်ငံမှ Reva, ဂျပန်နိုင်ငံမှ Mitsubishi နဲ့ Nissan တို့မှ ဦးဆောင်နေကြပါတယ်.။

 

Written by: အောင်မွန်ချမ်း

www.carsdb.com

No. 1 Car Site in Myanmar

 

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App